Breaking

Saturday, October 12, 2019

ဆယ်ကျော်သက်လေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ တွေ့ရတဲ့ ဝေလာရီ

 မွန်မလေး ဝေလာရီက ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ ပရိသတ်တွေ မချစ်ပဲ မနေနိုင်အောင် စွဲဆောင်နိုင်သူလေး ဖြစ်ပါတယ်။ ဝေလာရီက လူလေးလှရုံသာမက သရုပ်ဆောင်လည်း ကောင်းမွန်တာကြောင့် သူမရဲ့ ပထဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ "နှင်းဆီ" ဇာတ်လမ်းတွဲနဲ့တင် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲနဲ့ အောင်မြင်ခဲ့တဲ့ ဝေလာရီက အခုဆိုရင် အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။


 ချစ်စရာကောင်းတဲ့ မင်းသမီးလေး ဝေလာရီက သူမရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် ဝေမျှပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝေလာရီရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဝေလာရီက တောင်ကြီးမြို့ရဲ့ လှပတဲ့သဘာဝရှုခင်းတွေနဲ့အတူတူ ကလေးလေးတယ်ယောက်လို ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ တွေ့မြင်ရတာ ဖြစ်ပါတယ်။

ဝေလာရီက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ကြော်ငြာတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဝေလာရီရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်ကြတာပဲ ဖြစ်ပါတယ်။
ဝေလာရီဆိုတဲ့ မွန်မလေးကတော့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ချစ်စရာကောင်းတဲ့ အပြုအမူတွေနဲ့ ဖမ်းစားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝေလာရီရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Wai Lar Ri's fb

POPULAR POSTS

ads