Breaking

Thursday, October 17, 2019

ဆုတွေအများကြီးရယူပေးထားနိုင်တဲ့ သားလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ထွန်းအိန္ဒြာဗိုလ်


မြန်မာ့အနုပညာလောကမှာ ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ် ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ မင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ် ကတော့ အချစ်အမုန်းအလွမ်းခန်းတွေမှာ ပိုင်နိုင်လှတဲ့မင်းသမီး တယောက်ဖြစ်ပြီး လက်ရှိချိန်ထိလည်း ပရိသတ် အားပေးမှုကို ရနေတဲ့ မင်းသမီးကြီး တလက်ဖြစ်ပါတယ်။
ထွန်းအိန္ဒြာဗိုလ်ကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ခပ်ကြဲကြဲလုပ်ကိုင်လာပေမယ့်လည်း သူပါဝင်တဲ့ ဇာတ်ကားတွေကတော့ အမြဲလိုလို အောင်မြင်နေဆဲပါပဲ။ မင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ် ကတော့ သူတတယာက်ထဲ တော်တာမဟုတ်ပဲ သူ့ရဲ့မျိုးဆက်တွေကပါ တော်နေတာ ဖြစ်ပါတယ်။

 ထွန်းအိန္ဒြာဗိုလ် ကတော့ သူ့ရဲ့ အကောင့်လေးမှာ သူသားလေး တော်ပြီး ဆုတွေအများကြီး ရထားတဲ့ကိစ္စလေးကိုတော့ ဂုဏ်ယူမဆုံးဖြစ်နေတာ ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ် ကတော့ သူ့သားလေးနဲ့ ပတ်သက်ပြီး “သား က သိပ်စိတ်မပါပေမယ့် ခိုင်းတော့လဲ ကြိုးစား လုပ် ရှာတယ်။ အခု အတန်းကြီးတော့ စာတွေ များလာလို့ Golf သိပ် မရိုက်ဖြစ်တော့ပါဘူး Thank you သား” ဆိုပြီးမှ သူ့သား ရရှိထားတဲ့ ဆုတွေနဲ့ တင်ထားတာ ဖြစ်ပါတယ်။
ထွန်းအိန္ဒြာဗိုလ် ကတော့ လိမ်မာတဲ့ သားလေးကို ပိုင်ဆိုင်ထားပြီး သူ့အနေနဲ့ သားလေးက လိမ်မာပြီး ဆုတွေအများကြီး ရယူပေးထားနိုင်တာကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတာ ဖြစ်နေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထွန်းအိန္ဒြာဗိုလ် ရဲ့ သားလေးကို သူနဲ့အတူ ဂုဏ်ယူမိကြမယ် ထင်ပါတယ်။
credit-ygn-news.com

POPULAR POSTS

ads