အသားအရည်ရဲ့ကောင်းခြင်း၊ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားခြင်းတွေနဲ့ ပြည့်စုံတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ မော်ဒယ်စလုပ်ကတည်းက သူမရဲ့အလှအပကြောင့် နာမည်ကြီးသူလေးပါ။ လက်ရှိမှာတော့ ချစ်သူနဲ့ လက်ထပ်ပြီး သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ မယ်လိုဒီက တစ်နေ့တစ်ခြား ပိုပိုပြီးတောင် လှလာသလိုပါပဲ။ ဒီနေ့လေးမှာတော့ မယ်လိုဒီက မြန်မာဝတ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိနေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ လုံလုံခြုံခြုံနဲ့ အရမ်းကိုလှနေတဲ့ မယ်လိုဒီရဲ့ပုံရိပ်တွေကတော့ အရမ်းကို ကျက်သရေရှိနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ကျက်သရေရှိတဲ့ အလှတရားကို ပေါ်လွင်နေတဲ့ မယ်လိုဒီရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။မယ်လိုဒီကတော့ "ဝလို့လှလို့ဘဲရှိတယ်😜😜😜" ဆိုပြီး သူမရဲ့ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးတာပဲ ဖြစ်ပါတယ်။
စိတ်ထားကောင်းပြီး နူးညံ့လွန်းတဲ့ မယ်လိုဒီကတော့ အလှူအတန်းတွေဆိုလည်း လက်မနှေးတတ်သူတစ်ဦးဖြစ်ပြီး၊ ဘာသာရေးလည်း ကိုင်းရှိုင်းသူလေးပါနော်။
အနုပညာအလုပ်တွေ လုပ်ရင်းနဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးအလုပ်တွေလည်း လုပ်နေတဲ့ မယ်လိုဒီကတော့ နွေးထွေးတဲ့ မိသားစုလေးအတွက် အစွမ်းကုန် ကြိုးစားနေတာပါ။ ကျန်းမာရေးအတွက်လည်း Gym ကစားတဲ့ မယ်လိုဒီကတော့ အသားအရည်လေးတွေ ကြည်ပြီး တစ်နေ့တစ်ခြား ပိုပိုပြီး လှလာတာပါနော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကလေးတစ်ယောက်အမေဖြစ်တာတောင် အပျိုရှုံးအောင် လှရက်လွန်းတဲ့ မေမေ မယ်လိုဒီကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat credit-momolay.com
Source;Melody Myo's Facebook
Photo;Nay Min Tun