Breaking

Wednesday, October 9, 2019

မိတ်ကပ်မပါတဲ့ သဘာဝအလှနဲ့တောင် ငေးကြည့်နေရလောက်အောင်လှတဲ့ မေမြင့်မိုရ်

 ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုတွေ ရရှိထားသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အမြဲတမ်းလိုလို ပြုံးနေတဲ့ မေမြင့်မိုရ်ကို ပရိသတ်တွေက တစ်နေ့တစ်ခြား ချစ်ခင်ကြတာကို တွေ့ရပါတယ်။ မေမြင့်မိုရ်က လက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။


 ဒီနေ့မှာတော့ မေမြင့်မိုရ်က သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ အေးချမ်းလှတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။မေမြင့်မိုရ်ကတော့ ကြည်လင်ဝင်းမွတ်တဲ့ အသားအရည်လေးကို ပိုင်ဆိုင်ထားပြီး မိတ်ကပ်မလိမ်းထားတာတောင် အင်မတန်ကို ချစ်စရာကောင်းနေလို့ ပရိသတ်တွေက အချစ်ကြီး ချစ်နေရတာ ဖြစ်ပါတယ်။


မေမြင့်မိုရ်က လက်ရှိမှာတော့ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ကြော်ငြာတွေကိုလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတဲ့ မင်းသမီးလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။မေမြင့်မိုရ်ကတော့ မိတ်ကပ်မလွန်းထားတဲ့ သဘာဝအလှလေးနဲ့တောင် အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: May Myint Mo's fb

POPULAR POSTS

ads