Breaking

Saturday, October 12, 2019

အိမ်နေရင်း မပြင်မဆင်ပုံစံနဲ့ ကနေတဲ့ ဇနီးကို ဆေးထိုးကြမ်းလိုက်တဲ့ ရွှေထူး

 တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်လွန်းတဲ့ ကြည်နူးဖွယ် အပြုအမူလေးတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ အချစ်တွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတာပါ။ ဇနီးချောလေး ရွှေမှုံကို အရမ်းစနောက်တတ်တဲ့ ရွှေထူးကတော့ လတ်တလောမှာ အိမ်နေရင်းဝတ်စုံနဲ့ မီးပန်းဖောက်ရင်း ကခုန်နေတဲ့ ဇနီးချောလေးရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်လိုက်တာ တွေ့ရပါတယ်။ ချစ်ဇနီး ရွှေမှုံ့ကို ဆေးအကြီးကြီးထိုးလိုက်တဲ့ ရွှေထူးကတော့ တကယ့်ကို ပျော်ပျော်နေတတ်သူကြီးပါပဲနော်။


 ရွှေထူးကတော့ အသည်းပုံ အီမိုဂျီလေးနဲ့အတူ ချစ်ရတဲ့ ဇနီးချောလေးရဲ့ အိမ်နေရင်း မပြင်မဆင် ဗီဒီယိုလေးတစ်ခုကို My Day မှာ တင်ထားတာပါ။မီးပန်းဆော့ရင်း ပျော်ရွှင်စွာ ကခုန်​နေတဲ့ ရွှေမှုံလေးရဲ့ဗီဒီယို



အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က နှစ်ဦးသဘောတူ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတာပါ။ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ အပြည့်နဲ့ အခက်အခဲတွေကိုရင်ဆိုင်ပြီး ခိုင်ခိုင်မြဲ လက်တွဲထားကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းချစ်စရာကောင်းတဲ့ ရွှေနှစ်ရွှေစုံတွဲလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Htoo Khant's Facebook

POPULAR POSTS

ads