Breaking

Sunday, October 27, 2019

အရမ်းလှတဲ့ ချစ်ဇနီးရဲ့လက်ကိုတွဲပြီး ချစ်စနိုးဉီးရဲ့မင်္ဂလာပွဲကို တက်ခဲ့တဲ့ လူမင်း

 ငယ်စဉ်ကတည်းက အနုပညာအလုပ်​ကို ရူးသွပ်​စွာ ကြိုးစားခဲ့တာမို့​ အောင်​မြင်​မှု​တွေများစွာ ရရှိ​နေတဲ့ အကယ်​ဒမီလူမင်းက​တော့ ချစ်​ရတဲ့ဇနီးနဲ့ သားသမီး​တွေအ​ပေါ်မှာလည်း တာဝန်​ကျေပြွန်​တဲ့ ဖခင်​ကောင်း၊ ခင်​ပွန်း​ကောင်းတစ်​ယောက်မို့ ပရိသတ်တွေက ပိုပြီးအချစ်ပိုနေရတာပါ။ လတ်​တ​လောမှာ​တော့ လူမင်းက အရမ်းကို လှရက်လွန်းတဲ့ ဇနီး​ချော​လေး ခင်​စံပယ်​ဦးနဲ့ ချစ်စနိုးဉီးရဲ့မင်္ဂလာပွဲကို တက်ရောကခခဲ့တဲ့ အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ​တွေ့ရပါတယ်​။ ခင်ပွန်းကို​အရမ်းကို ချစ်​တတ်​လွန်းတဲ့ ခင်​စံပယ်​ဦးက​တော့​ လူမင်းရဲ့အနောက်ကနေ အမြဲလိုက်ပြီး ပါရမီဖြည့်ပေးနေတဲ့ ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။


 မိုမိုလေးချစ်ပရိသတ်တွေအတွက် ကျက်သရေရှိတဲ့ ချစ်ဇနီးလေးရဲ့လက်ကိုတွဲပြီး ချစ်စနိုးဉီးရဲ့မင်္ဂလာပွဲကို တက်ခဲ့တဲ့ လူမင်းရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။လူမင်းရဲ့ ချစ်ဇနီးလေးကတော့ "Congratulations"မောင်​လေးဖိုးသား+ညီမ​လေးချစ်စနိုးဉီး"ယ​နေ့မှစနှစ်တစ်ရာတိုင်ပါ​စေ👏👏👏"ဆိုပြီး ချစ်ရတဲ့ ညီမလေး ချစ်စနိုးဉီးရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ သူမတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။တည်​ငြိမ်​ရင့်​ကျက်​တဲ့ အလှတရားကို ပိုင်​ဆိုင်​ထားတဲ့ လူမင်းရဲ့ဇနီးချောလေး ခင်​စံပယ်​ဦး

တစ်​ဦးနဲ့တစ်​ဦးနားလည်​မှုအပြည့်​ရှိတဲ့ လူမင်းတို့ဇနီး​မောင်​နှံက​တော့ အိမ်​ထောင်​သက်​တွေ ဘယ်​လောက်​ကြာကြာ ချစ်​ခြင်းတရား​တွေ ပိုပိုတိုးပြီး ပြီးပြည့်​စုံတဲ့ မိသားစုကို ဖန်​တီးထားကြတာပါ။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း ငယ်​ငယ်​လေးနဲ့ အရမ်းကို လိုက်ဖက်ညီလွန်းလှတဲ့ လူမင်းတို့ဇနီးမောင်နှံကို ချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Ayarwady Lumin's Facebook
photo:Amazing Grace
credit-momolay.com

POPULAR POSTS

ads