Breaking

Friday, October 18, 2019

သူမရဲ့ အပျိုစင်ဘဝကို မိခင် အသက်အတွက် ရောင်းချပြီးကယ်တင်ခဲ့တဲ့ ကောင်မလေး

 အသက်၄၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ Caoရဲ့အမေဟာ အရေပြားကင်ဆာရောဂါကို ခံစားနေရတာပါ။ နောက်ဆုံး နည်းလမ်းရှာမရတော့တဲ့ အသက်၁၉နှစ်အရွယ် Caoဟာ သူအရမ်းချစ်ရတဲ့မိခင်ကို ကယ်တင်ဖို့အတွက် နောက်ဆုံးနည်းလမ်းကို အသုံးပြုခဲ့ပါတယ်။
Caoဟာ သူမကိုယ်သူမရောင်းမယ်ဆိုပြီး Wechatမှာ ကြေညာတင်ခဲ့ပါတယ်။ ဝယ်တဲ့သူခိုင်းသမျှလုပ်ပေးပါ့မယ်ဆိုပြီး ကတိပေးထားတဲ့ Caoဟာ လယ်သမားမိသားစုကဖြစ်ပြီး Operation လုပ်ရမယ့် မိခင်ရဲ့ ဆေးကုသမှုစရိတ်ကို မတတ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။


 Caoရဲ့ ကြေညာဟာ နေ့ချင်းညချင်း နာမည်ကြီးခဲ့ပြီး ပါဝင်လှူဒါန်းလိုသူတွေ ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမည်မဖော်လိုသူ လူတစ်ဦးကနေ Cao ရဲ့ မိခင်ရဲ့ Operationကို အစအဆုံး တာဝန်ယူမယ်လို့ပြောကြားခဲ့ပြီးနောက် Caoဟာ သူမရဲ့ ကြေညာချက်ကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ကောင်မလေးအတွက် မိဘအပေါ်ထားတဲ့ မေတ္တာကို ဂုတ်ယူတယ် အလှုရှင်ပေါ်လာတာကို ဝမ်းသာတယ်ဆို ရှယ်လုပ်ပြီး အသိအမှတ်ပြု ပေးကြပါဦးနော်

POPULAR POSTS

ads