Breaking

Monday, October 21, 2019

သီချင်းဗီဒီယိုနောက်ကွယ်က မင်းသားချောလေး ရှိန်းတင့်ထူးနဲ့ အမှတ်တရတွေကို ထုတ်ပြလိုက်တဲ့ နန်းဆုရတီစိုး

 တလောက အသစ်ထွက်ရှိလာတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့သီချင်းသစ် "သေလို့ရတယ်" သီချင်းလေးကတော့ အရမ်းကို နားထောင်လို့ကောင်းတာမို့ ပရိသတ်တွေ အရမ်းကို သဘောကျနေကြတာပါ။ လတ်တလောမှာတော့ နန်းဆုရတီစိုးက သီချင်းဗီဒီယိုနောက်ကွယ်က မင်းသားချောလေး ရှိန်းတင့်ထူးနဲ့ အမှတ်တရတွေကို ထုတ်ပြလိုက်တာ တွေ့ရပါတယ်။ ရှိန်းတင့်ထူးနဲ့ နန်းဆုရတီစိုးကတော့ ဖန်သားပြင်ပေါ်မှာသာမကပဲ အပြင်မှာလည်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့မို့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။



 နန်းဆုရတီစိုးကတော့ ""သေလို့ရတယ်..." BTS  photosလေးတွေပါဒီ MV လေးရိုက်ကူးရာမှာ အပင်ပန်းခံကူညီပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်" ဆိုပြီး သူမရဲ့သီချင်းအသစ်လေးနောက်ကွယ်က ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။အရမ်းကို လိုက်ဖက်ညီပြီး၊ ချစ်ဖို့ကောင်းလွန်းနေတဲ့ သူတို့နှစ်ဦး...။


လတ်​တ​လောမှာ​တော့ နန်းဆုက​သီချင်းအသစ်​တွေ ဖန်​တီးဖြစ်​နေပြီး ရှိုးပွဲ​တွေလည်း ဆက်​တိုက်​ဆိုဖြစ်​နေတာပါ။နန်းဆုသီဆိုထားတဲ့ "ရူး​အောင်​ချစ်​ရသူ "ကမ်းမဲ့​လှေ" အစရှိတဲ့ သီချင်းကလည်း ပရိသတ်​တွေကြားမှာ​တော်​တော်​လေးကို နာမည်​ကြီးခဲ့ပြီး၊ ဒီနေ့ထွက်ရှိလာတဲ့ "သေလို့ရတယ်" သီချင်းကလည်း ပရိသတ်အကြိုက်တွေ့ဉီးမှာ မလွဲမသွေပါပဲ။ မိုမိုလေးချစ်ပရိသတ်တွေလည်း နန်းဆုရဲ့ သီချင်းအသစ်လေးကို အားပေးကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nansu Yati Soe's Facebook

POPULAR POSTS

ads