Breaking

Wednesday, October 9, 2019

တရားရုံး က အပြစ်ရှိတယ်လို့ မဆုံးဖြတ်မချင်း ကျေးဇူးပြု၍ အပြစ်မရှိသူတယောက်အဖြစ် အကာအကွယ်ပေးကြပါ ဆိုတဲ့ ထွန်းအိန္ဒြာဗို

 နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးပါ။ သူမက မြန်မာနိုင်ငံ ရဲ့ သရုပ်ဆောင်မင်းသမီး တွေထဲမှာ အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်ခဲ့တဲ့ ဝါရင့် သရုပ်ဆောင် မင်းသမီး တစ်ဦး ဖြစ်ပြီး ပရိသတ်ကြိုက် အဆိုတော် တစ်ဦး ဆိုလည်းမမှားပါဘူး။ သူမက အနုပညာကိုကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေးနဲ့ အတူ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေသူပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ထွန်းအိန္ဒြာဗိုက အဆိုတော်ဖြိုးပြည့်စုံ နဲ့ ပတ်သက်ပြီး ပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


 ထွန်းအိန္ဒြာဗို ကလတ်တလောမှာ မူးယစ်ဆေးဝါးအမှု့နဲ့ ဖမ်းဆီးခံထားရတဲ့ အဆိုတော် ဖြိုးပြည့်စုံ နဲ့ ပတ်သက်ပြီး တရားရုံး က အပြစ်ရှိတယ်လို့ မဆုံးဖြတ်မချင်း ကျေးဇူးပြု၍ အပြစ်မရှိသူတယောက်အဖြစ် အကာအကွယ်ပေးကြပါ ဆိုပြီး ခုလို ပြောထားပါတယ်။" တရားရုံး က အပြစ်ရှိပါတယ်လို့ မဆုံးဖြတ်မချင်းကျေးဇူးပြု၍ အပြစ်မရှိသူတယောက်အဖြစ် အကာအကွယ် ပေးကြပါ.... Media များတာဝန်ရှိသူများချစ်ပရိသတ်များ ၊နိုင်ငံကြီးသား ပီသကြသူများဖြိုးပြည့်စုံ ကံကောင်းပါစေ..." ဆိုပြီးပြောထားပါတယ်။


၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော် ဖြိုြးုပည့်စုံ အပါအ၀င် အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြု တိုင်တန်းမှုကြောင့်ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားရတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံကို ဆေးပြားများဖြင့်တွေ့ရှိတယ်ဆိုတဲ့သတင်အပေါ် ဖြိုးပြည့်စုံက သူ့လက်ထဲမှာ ရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများမဟုတ်ကြောင်းငြင်းဆိုထားတယ်လို့ သိရပါတယ်။သရုပ်ဆောင် ထွန်းအိန္ဒြာဗို ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;mimi khine

POPULAR POSTS

ads