ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်သူလေးဖြစ်တဲ့ ခြူးလေးကို အားလုံးကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ ခြူးလေးက MRTV 4 ဇာတ်လမ်းတွဲတွေမှတဆင့် အောင်မြင်လာပြီး အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေက ခြူးလေးရဲ့ အနုပညာလှုပ်ရှားမှုတွေအပြင် Tik Tok ဗီဒီယိုလေးတွေကိုပါ အားပေးကြတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း ခြူးလေးက "သခင်ကြီးနဲ့ငါးပိတို့စရာ" ရုပ်ရှင်ဇာတ်ကားကြီးမှ သက်မွန်မြင့်ရဲ့ အိုက်တင်အတိုင်း သရုပ်ဆောင်ပြသွားတာကို တွေ့ရပါတယ်။ခြူးလေးကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးပေးနေတာကို တွေ့ရပါတယ်။
ခြူးလေးကတော့ သက်မွန်မြင့်ရဲ့ အိုက်တင်အတိုင်း သရုပ်ဆောင်ပြသွားတာ အရမ်းတော်တာပဲနော်။ ပရိသတ်ကြီးလည်း ခြူးလေးရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena credit-momolay.com
Source: Chue Lay's fb