Breaking

Saturday, October 26, 2019

မြန်မာဆန်ပြီး အေးချမ်းတဲ့ အလှတရား​တွေကို ပြသခဲ့တဲ့ ခင်ဝင့်ဝါ

 အရမ်းကိုချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဉီးပါ။ လတ်တလောမှာတော့ ခင်ဝင့်ဝါလေးက မြန်မာဆန်ဆန်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ သူမရဲ့ပုံရိပ်လှလှလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အစွမ်းကုန် လင်းလက်နေတဲ့ နေရောင်ခြည်လေးလို ကြည့်မဝတဲ့အလှကို ပိုင်ဆိုင်ထားတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေကတော့ အရမ်းကို တောက်ပလွန်းနေပါတယ်နော်။


 မိုမို​လေးချစ်​ပရိသတ်​တွေအတွက် အရမ်းကို ရိုးရှင်းပြီး ကျက်သရေရှိလွန်းတဲ့​ မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ပုံရိပ်​တွေကို​ဖော်​ပြ​ပေးလိုက်​ပါတယ်​နော်​။ခင်ဝင့်ဝါက​တော့ "ပန်း ပန် ရင် နန်းဆန် တယ် ဆို 💛ဒါနဲ့ MRTV -4 ည ၈:၄၅ မှာ ပြ တဲ့  "အကြင်နာမြစ် ဖျား " ထဲ က ချောစုကို ရော ကြည်ဖြစ်သေးလား 🥰🥰"ဆိုပြီး သူမရဲ့ အေးချမ်းလွန်းတဲ့ အလှပုံရိပ်​လေး​တွေကို​ဝေမျှ​ပေးထားတာပါ။လှရက်​လိုက်​တာ ​​ခေးရယ်​...

ခင်ဝင့်ဝါက​တော့ လတ်​တ​လောမှာ ဇာတ်ကားတွေလည်း ရိုက်​ကူးဖြစ်​နေပြီး၊ တစ်​ခြား​သော အနုပညာအလုပ်​တွေ လုပ်​ဖြစ်​နေတာပါ။ သူမပါဝင်​သရုပ်​ဆောင်​ထားတဲ့  "အကြင်နာမြစ်ဖျား" ဇာတ်လမ်းတွဲကလည်း ရုပ်သံလိုင်းတွေမှာ ပြသနေပြီပဲ ဖြစ်ပါတယ်။မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ကျက်သရေရှိရှိ လှရက်လွန်းနေတဲ့ ခင်ဝင့်ဝါလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Khin Wint War's Facebook
credit-momolay.com

POPULAR POSTS

ads