ချစ်စရာကောင်းတဲ့ ကရင်မလေး မာသထူးဝါးက ကိုရီးယားမြေပေါ်မှာ ကြီးပြင်းတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ မာသထူးဝါးက "အိမ်လေးတစ်လုံးလိုချင်တယ်" သီချင်းနဲ့ အောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာလည်း တေးသီချင်းတွေများစွာ ထွက်ရှိခဲ့ပါတယ်။ ချစ်စရာကောင်းပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မာသထူးဝါးကို ပရိသတ်တွေက မချစ်ပဲနဲ့ကို မနေနိုင်ကြပါဘူး။
မနေ့က အောက်တိုဘာလ (၃) ရက်နေ့မှာတော့ မာသထူးဝါးက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော် 24th Busan International Film Festival မှာ သီချင်းဆို ဖျော်ဖြေခဲ့ပါတယ်။မာသထူးဝါးက 24th Busan International Film Festival မှာ "အိမ်လေးတစ်လုံးလိုချင်တယ်" သီချင်းလေးနဲ့ ကိုရီးယားသီချင်းတစ်ပုဒ်တိုနဲ့ အဖွင့်သီချင်းဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မာသထူးဝါးရဲ့ သီဆိုဖျော်ဖြေမှုကို မျှဝေပေးလိုက်ပါတယ်နော်။
ချစ်စရာကောင်းတဲ့ သမီးလေး မာသထူးဝါးကတော့ တိုင်းတစ်ပါးသားတွေအလည်မှာ မြန်မာဆိုတာကို ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း မာသထူးဝါးကို ဂုဏ်ပြုစကားလေးပြောဖို့ မမေ့ပါနဲ့နော်။
Rowena
Source: Martha Htoowah's fb
Friday, October 4, 2019
Home
/
Celebrity
/
ဘူဆန်ရုပ်ရှင်ပွဲတော်ကြီးမှာ "အိမ်လေးတစ်လုံးလိုချင်တယ်" သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ မာသထူးဝါး
ဘူဆန်ရုပ်ရှင်ပွဲတော်ကြီးမှာ "အိမ်လေးတစ်လုံးလိုချင်တယ်" သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ မာသထူးဝါး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity