Breaking

Friday, October 4, 2019

ဒဂုံမြောက်ရဲစခန်းမှာ အမှုဖွင့်လိုက်တဲ့ ခင်ဝင့်ဝါ

 မချောစုလှိုင်(ခ)မခင်ဝင့်ဝါ(၂၅)နှစ်၊ သရုပ်ဆောင်အနုပညာရှင်၊ ဗမာ/ဗုဒ္ဓ၊ အမှတ်(၃၈၂)၊ ပြည်ထောင်စုလမ်း၊(၉)ရပ်ကွက်၊ ဒဂုံမြောက်မြို့နယ်နေသူသည်၃၀.၉.၁၉ နေ့ ၁၀ နာရီခွဲ နေအိမ်၌ရှိနေစဉ် မန်နေဂျာဖြစ်သူ မပုလဲမှဖုန်းဆက်၍ လူမှုကွန်ရက်စာမျက်နှာ၌ pyae phyo hein (account) ၎င်း၏ဖုန်းနံပါတ်နှင့် zaw zaw maung (account)တို့တွင် ကျွန်မခင်ဝင့်ဝဗာဓာတ်ပုံနှင်အမျိုးသားတေးသံရှင်ဟန်နေတာ၏ဓာတ်ပုံနှစ်ခုတို့အားအသုံးပြု၍ ကျက်သရေတုံးပီစာသားဖြင့်လည်းကောင်း၊


 နာရီပိုင်ရှင် ဘယ်သူလဲဟု စာသားဖြင့်လည်းကောင်း ဖြတ်ဆက်ကာပူးတွဲဖော်၍ဆက်သွယ်ရေးလုမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့နေကြောင်း ပြောပြသိရှိရ၍မချောစုလှိုင် (ခ)ခင်ဝင့်ဝါကိုယ်တိုင်မိမိ၏ဖုန်းဖြင့်လူမှုကွန်ရက်စာမျက်နှာသို့ဝင်ရောက်ကြည့်ရှုသောအခါမန္တလေးမြို့တွင် နေထိုင်သူများ ဖြစ်ကြသည့်Pyse Phyo Hein (Account) ပိုင်ရှင်ဖြစ်သူနှင့်Zaw Zaw Maung(Account)ပိုင်ရှင်ဖြစ်သူတို့သည်မချောစုလှိုင် (ခ)ခင်ဝင့်ဝါခွင့်ပြုချက်မရှိဘဲ ၎င်း၏ဓာတ်ပုံနှင့် အမျိုးသား တေးသံရှင် ဟန့်နေတာဆိုသူတို့၏ ဓာတ်ပုံနာရီတစ်လုံးတို့အားထင်ရှားအောင်မျှားထိုးပြသထားသည့်ဓာတ်ပုံအမည်မသိခြေထောက်အစွန်းထွက်နေသည့် ဓာတ်ပုံ၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ နာရီကိုင်ပြနေသည့်ဓာတ်ပုံ စုစုပေါင်း ဓာတ်ပုံ(၅)ပုံတို့အားအသုံးပြုပြီးနာရီပိုင်ရှင် ဘသတုန်း ကျက်သရေတုန်းစသည်ဖြင့်အသရေပျက်စေရန်စာသားများရေး၊ပြီးလူမှုကွန်ရက်Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည်ကိုတွေ့ရှိခဲ့ပါသည်။မချောစုလှိုင် (ခ)ခင်ဝင့်ဝါဓာတ်ပုံအားအသုံးပြုခဲ့သောကြောင့်၎င်း၏လက်ရှိလုပ်ကိုင်နေသောအနုပညာလုပ်ငန်၌လည်းကောင်းအနုပညာ အသိုင်းအဝိုင်းနှင့်လူမှုပတ်ဝန်းကျင်၌လည်းကောင်း၊ မျက်နှာမပြဝံလောက်အောင်ဖြစ်ခဲ့ရသည့်အပြင်အခြားသူများ၏ အထင်အမြင် လွဲမှားခြင်းကိုခံခဲ့ရပြီး အသရေပျက်ကာအရှက်တကွဲနစ်နာမှုများဖြစ်ပေါ်စေခဲ့ရသောကြောင့်ဆက်သွယ်ရေး လူမှုကွန်ရက် Facebookစာမျက်နှာအား အသုံးပြုပြီး အသေရေပျက်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်Post တင် ရေးသားခဲ့ကြသူများဖြစ်သည့်
Pyae Phyo Hein (Account) (စုံစမ်းဆဲ)ပိုင်ရှင်ဖြစ်သူနှင့် zaw ZawMung (account)ပိုင်ရှင်ဖြစ်သူ တို့အပေါ်အရေးယူပေးရန် မခင်ဝင့်ဝါမှတရားလိုပြုလုပ်၍ ယနေ့မှလာရောက်တိုင်တန်းသဖြင့် ဒဂုံမြောက် မြို့မရဲစခန်းမှာ(ပ)2477/19 ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် 3.10.19 ရက်နေ့၁၃း၄၀ အချိန် အမှုဖွင့်ပြီးအမှုစစ်ဒုရဲအုပ်သန်းလင်းဦးမှတရားခံများအား လိုက်လံစုံစမ်းဆောင်ရွက်လျက်ရှိပါသည်။ဒဂုံမြောက်အဖွဲ့(ဒေါ်ပွင့်သက်)SH သတင်းဌာနရှုထောင့်မှုခင်းနှင့်သတင်းစုံဂျာနယ်အမှန်တရားဂျာနယ်Aung Kyaw OoLwin OoCredit Oasis Journal

POPULAR POSTS

ads