Breaking

Thursday, October 24, 2019

တစ်ဦးတည်းသောမမ လိမ္မော်သီးကို မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ညီမလေး ဝေလာရီ

 အနုပညာလောကရဲ့ လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးနှစ်ပွင့်ဖြစ်တဲ့ လိမ္မော်သီနဲ့ ဝေလာရီက အောင်မြင်တဲ့ အနုပညာလမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ လိမ္မော်သီးကလည်း အဆိုပိုင်းမှာ အောင်မြင်သလို ညီမလေး ဝေလာရီကလည်း သရုပ်ဆောင်ဘက်မှာ ထူးချွန်သူလေး ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စရာကောင်းတဲ့ လိမ္မော်သီးနဲ့ ဝေလာရီတို့ ညီအစ်မကို ချစ်ခင်အားပေးကြပါတယ်။

 ဒီကနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ကတော့ အဆိုတော်မလေး လိမ္မော်သီးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ လိမ္မော်သီးအတွက် ချစ်ရတဲ့ ညီမလေး ဝေလာရီလေးက အခုလိုပဲ မွေးနေ့ဆုတောင်းစကားလေး ပြောထားပါတယ်။"Happy Birthday ချစ်မမ .. 😍🥰 မီးရဲ့ တစ်ဦးတည်းသောမမ .. မွေးနေ့မှာ ပျော်ရွှင်ပါစေ။ မိသားစုနဲ့ အသက်ထက်ဆုံးပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ပါစေ .. အသက် ၈ နှစ်ကွာပေမယ့် မောင်နှမလိုရော၊ သူငယ်ချင်းလိုရော၊ တိုင်ပင်ဖော် တိုင်ပင်ဖက် နေပေးလို့ ကျေးဇူးပါ မမ .. 😘😍 မွေးနေ့လက်ဆောင် ပြန်လာမှ ယူပါ .. 😍 အရမ်းချစ်တယ် .. အာဘွား .. 🥰😘" ဆိုပြီး မွေးနေ့ဆုတောင်းစကားလေး ဆိုထားပါတယ်။ဝေလာရီနဲ့ လိမ္မော်သီးတို့က အသက် (၈) နှစ်ကွာတဲ့ ညီအစ်မတွေဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်းနဲ့ အမြွှာလေးတွေလိုပဲ နေထိုင်ကြတာ ဖြစ်ပါတယ်။

ဝေလာရီကတော့ သူမရဲ့ အချစ်ရဆုံးအစ်မ လိမ္မော်သီးအတွက် အခုလိုပဲ မွေးနေ့ဆုတောင်းစကားလေး ဆိုပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီါ် အထာကျတဲ့ အဆိုတော်မလေး လိမ္မော်သီးအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ကြပါဦးနော်။

Rowena credit-momolay.com
Source: Wai Lar Ri's fb

POPULAR POSTS

ads