Breaking

Monday, October 21, 2019

မန္တလေးမြို့က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တဲ့ အောင်ရဲထိုက်

 လတ်တလော မိန်းကလေးတွေကြားထဲမှာ ရေပန်းစားနေတဲ့ မင်းသားချောလေး အောင်ရဲထိုက်က မျက်ခုံးထူထူနဲ့ ယောကျာ်းပီသတဲ့ မျက်နှာကို ပိုင်ဆိုင်ထားသူပါ။ ပရိသတ်တွေက အောင်ရဲထိုက်ကို ရုပ်ရည်ချောမောလို့သာမကပဲ ကျရာဇာတ်ရုပ်မှာ အံဝင်ခွင်ကျ သရုပ်ဆောင်နိင်တဲ့ အရည်အချင်းကြောင့် အားပေးကြတာ ဖြစ်ပါတယ်။ အောင်ရဲထိုက်က သရုပ်ဆောင်သက်တမ်း နုနယ်သေးပေမယ့် အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိနေပြီပဲ ဖြစ်ပါတယ်။


 ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အောင်ရဲထိုက်က "ပျောက်ဆုံးနေသောအမှန်တရား" အဖွဲ့သားတွေနဲ့အတူတူ မန္တလေးမြို့က ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။မန္တလေးမြို့က ပရိသတ်တွေကတော့ သူတို့ချစ်တဲ့ မင်းသားချော အောင်ရဲထိုက်နဲ့ ဆုံတွေ့ရလို့ တော်တော်လေး ဝမ်းသာပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အောင်ရဲထိုက်နဲ့ သူ့ပရိသတ်တွေရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။အောင်ရဲထိုက်က "မီ"၊ "ည" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ "ပျောက်ဆုံးနေသောအမှန်တရား" ဇာတ်လမ်းတွဲနဲ့လည်း ပိုပြီး လူကြိုက်များလာရတာ ဖြစ်ပါတယ်။အောင်ရဲထိုက်က လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေပြီး ချစ်ရတဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

            

အောင်ရဲထိုက်က တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အောင်ရဲထိုက်ရဲ့ ပုံလေးတွေကို သဘောကျကြရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Rowena credit-momolay.com
Source: Aung Ye Htike's fb
Photo: Kyaw Thu Win

POPULAR POSTS

ads