လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲထဲက သုဒြာအဖြစ် သရုပ်ဆောင်တဲ့ ချစ်စရာမင်းသမီးလေး နော်ဖောအယ်ထားကတော့ ချိုသာတဲ့ အပြုံးလှလှလေးကြောင့်ရော၊ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ နော်ဖောအယ်ထားက ပြင်ဦးလွင်သို့ အလည်ရောက်ရှိနေတာဖြစ်ပြီး အေးချမ်းလွန်းတဲ့ သူမရဲ့ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ နော်ဖောအယ်ထားလေးရဲ့ပုံရိပ်တွေကတော့ မြင်ရသူတွေကို အေးချမ်းမှုတွေ ဆောင်ကျဉ်းပေးနိုင်တဲ့အထိ လှရက်လွန်းနေတာပါနော်။
နောဖောအယ်ထားကတော့ "သုဒြာ..... အခု ပြင်ဦးလွင်က မြို့ရှောင်လမ်းကိုရောက်နေတာပါ 😛🤪😎🤓💋" အမှန်တော့ သုဒြာက ပြင်ဦးလွင်ရောက်နေတာဖြစ်ကြောင်း၊ "ပျောက်ဆုံးနေသော အမှန်တရား" ပရိသတ်တွေကို စနောက်ထားတာ တွေ့ရပါတယ်။
တောင်ကြီးသူလေး နော်ဖောအယ်ထားကိုတော့ Liu Yifei နဲ့တူတယ်ဆိုပြီး နာမည်ကြီးလာသူလေးဖြစ်ပြီး၊ အခုဆိုရင်တော့ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေပြီပဲ ဖြစ်ပါတယ်။
ချစ်စရာမော်ဒယ်သရုပ်ဆောင်လေး နော်ဖောအယ်ထားကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ နော်ဖောအယ်ထား ပါဝင်သရုပ်ဆောင်ထားတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲကလည်း လက်ရှိမှာ ပရိသတ်တွေကြား တော်တော်နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Naw Phaw El Htar's Facebook
Photo;Htet Paing Ye
Tuesday, October 15, 2019
မြင်ရသူတွေကို အေးချမ်းသွားစေမယ့် နော်ဖောအယ်ထားရဲ့ခရီးသွားပုံရိပ်တွေ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity