Breaking

Monday, October 21, 2019

မြန်မာနိုင်ငံတော်သီချင်းကို သတိစွဲပြီး ချန်ပီယံ ပထမနေရာကနေ နားထောင်ရတဲ့ခံစားချက်က အရမ်းပီတိဖြစ်ရပါတယ်ဆိုတဲ့ သက်ထားသူဇာ

 သက်ထားသူဇာကတော့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပထမဆုံး ရွှေရခဲ့တဲ့ ပြိုင်ပွဲဖြစ်တဲ့ Egypt International Series 2019မှာ ဝင်ရောက်ယှဉ်ပြိုင်နေတာပဲဖြစ်ပြီး ဖိုင်နယ်မှာ Wales က Jordan Hart ကိုအနိုင်ရရရှိပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့ပါတယ်။ သူမကတော့ အခုလို မြန်မာဂုဏ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိတဲ့အကြောင်း ပြောထားခဲ့ပါတယ်။



 သူမကတော့ ” မြန်မာနိုင်ငံတော်သီချင်းကို သတိစွဲပြီး ချန်ပီယံ ပထမနေရာကနေ နားထောင်ရတဲ့ခံစားချက်က အရမ်းပီတိရှိတာပဲ။ မြန်မာတစ်ယောက်အနေနဲ့ ညီမတို့နိုင်ငံအတွက် ပထမဆုကို အရမ်းဂုဏ်ယူမိပါတယ်။ Final မှာ Wales က Jordan Hart ကို ၂၁-၆ နဲ့ပထမပွဲအပြတ်အသတ်နိုင်ပြီး ဒုတိယပွဲမှာ တစ်ဖက်ကစားသမားက ၁၂-၁ နဲ့အရှုံးပေးသွားခဲ့ပါတယ်။

သူမကတော့ မြန်မာ ဒုန်း ဒုန်း ဒုန်း၊ မြန်မာ ဒုန်း ဒုန်း ဒုန်း ဒီနေ့ Final ကို ကိုတိုင်ကိုကျလာရောက်အားပေးကြတဲ့ မြန်မာနိုင်ငံသူ/သားများ၊ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် နှင့် ဇနီး ဒေါ်ခင်သီဝင်း၊ Online မှ တစ်ဆင့်ပွဲအဖြေကိုစောင့်ကြည့်အားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့ပါတယ်။

SOURCE: THET HTAR Thuzar ‘s facebook
Credit MYANMARLOAD

POPULAR POSTS

ads