Breaking

Thursday, October 17, 2019

နတ်မိမယ်လေးလို အခမ်းနားဆုံး ပွဲတက်လာတဲ့ ခင်ဝင့်ဝါရဲ့ပုံရိပ်တွေ

 ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် မော်ဒယ်လ် ခင်ဝင့်ဝါကတော့ လူငယ်ကောင်လေးတွေရဲ့ အားပေးမှု အရဆုံး မင်းသမီးလေးပါ။ ချစ်စရာကောင်းတဲ့ မျက်နှာလေးပိုင်ဆိုင်ထားလို့ ပရိသတ်တွေက ခေးလို့ချစ်စနိုးခေါ်ကြတဲ့ ခင်ဝင့်ဝါဟာဆိုရင် သရုပ်ဆောင်အလုပ်ကိုပိုင်ပိုင်နိုင်နိုင်နဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူလေးပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ခင်ဝင့်ဝါက သူမပါဝင်သရုပ်ဆောင်ထားတဲ့ "အကြင် နာ မြစ်ဖျား " red carpet ပွဲ​လေးကို အလှဆုံးဖက်ရှင်နဲ့ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ ပွဲတက်လာသူတွေ လည်ပြန်ငေးမောခဲ့ရတဲ့ ခင်ဝင့်ဝါလေးကတော့ အရမ်းကို လှနေတာပါနော်။


 ခင်ဝင့်ဝါကတော့ "အကြင် နာ မြစ်ဖျား " red carpet ပွဲတတ် " ဆိုပြီး သူမရဲ့ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။မင်းသမီးတစ်ဦးလည်းဖြစ် အလှမယ်တစ်ဦးလည်းဖြစ်တဲ့ ခင်ဝင့်ဝါကတော့ အရပ်ရှည်ပြီး လှပလွန်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာပါ။တကယ့်အရုပ်မလေးလိုပဲ ခေးရယ် လှရက်လိုက်တာ...။



လူလေးကလည်း အရမ်းလှသလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ ခင်ဝင့်ဝါကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ခေးရဲ့ အချစ်ရေးကတော့ အခုအချိန်အထိ ငြိမ်သက်နေဆဲပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ခင်ဝင့်ဝါလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Khin Wint War's Facebook

POPULAR POSTS

ads