Breaking

Sunday, October 13, 2019

ဘုရားရင်ပြင်တော်ပေါ်မှာ ဆီမီးပူဇော်ပြီး ကုသိုလ်ယူခဲ့တဲ့ နော်ဖောအယ်ထား

 ချစ်စရာကောင်းတဲ့ အပြုံးလေးတွေရဲ့ ပိုင်ရှင် တက်သစ်စ မင်းသမီးချောလေး နော်ဖောအယ်ထားက ကလေးလေးတစ်ယောက်လို ဖြူစင်လွန်းသူလေး ဖြစ်ပါတယ်။ နော်ဖောအယ်ထားရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ အပြောအဆိုလေးတွေကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ကြတာ ဖြစ်ပါတယ်။

 မနေ့က သီတင်းကျွတ်လပြည့်နေ့လေးမှာတော့ နော်ဖော်အယ်ထားက သူမရဲ့ ကျက်သရေရှိပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။
နော်ဖော်အယ်ထားက ဘုရားရင်ပြင်တော်ပေါ်မှာ ဆီမီးပူဇော်ပြီး ကုသိုလ်ယူခဲ့တဲ့ ရှုတင်က ပုံရိပ်လေးတွေနဲ့ အတူတူ ကျက်သရေရှိရှိ တွေ့မြင်ရတာ ဖြစ်ပါတယ်။


နော်ဖော်အယ်ထားက လတ်တလောပြသနေတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲမှ သုဒြာဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ ဝန်းရံအားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။နော်ဖော်အယ်ထားကတော့ မြန်မာဆန်ဆန် ကျက်သရေရှိတဲ့ မိန်းကလေးတစ်ယောက်အသွင်နဲ့ အလှကြီးလှနေတာပဲနော်။ ပရိသတ်ကြီးလည်း နော်ဖောအယ်ထားရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ပါတယ်။

Rowena
Source: Naw Phaw Eh Htar's fb

POPULAR POSTS

ads