Breaking

Wednesday, October 23, 2019

လာသမျှလူတိုင်းကို မျက်စိ အခမဲ့ကုသပေးပြီး အလင်းရစေတဲ့ ထီးဆောင်းရွာ မျက်စိဆေးရုံ

 လာသမျှမျက်စိဝေဒနာသည်တိုင်းကို ခောတ်မှီနည်းပညာများဖြင့် အခမဲ့ကုသပေးနေသည့့် ထီးဆောင်း မျက်စိဆေးရုံထီးဆောင်း

တစ်သက်လုံး မမြင်ရတော့ဘူးလို့ထင်ခဲ့တဲ့ မျက်လုံးတစ်စုံ ထီးဆောင်းကျေးဇူးကြောင့် ပြန်မြင်ရပြီသမီးရယ်လို့ သူငယ်ချင်းအဖေပြောခဲ့ဖူးလို့ ကြားဖူးတာကြာခဲ့ပေမဲ့မရောက်ဖူးသလို ဘယ်နားရှိမှန်းကိုမသိခဲ့ပါဘူး။ စစ်ကိုင်းကနေ မုံရွာ သွားရင် မြင်းမူ မရောက်ခင် ၃ မိုင် အလို မှာ “ထီးဆောင်း”ဆိုတဲ့ ရွာလေး ရှိပါတယ်။

 အခမဲ့ မျက်စိကုသပေးတဲ့ ဆေးရုံရှိတဲ့ ရွာလေးပါ။ ပထမဆုံး ဆေးရုံကို တည်ထောင်တဲ့ ဆရာတော် က “တိပိဋကကောဝိဒ တိပိဋကဓရ ဘဒ္ဒ န္တ ဝံသပါလာ လင်္ကာရ” ပါ။(၈) ပါးမြောက် တိပိဋက ဘွဲ့ရထားတဲ့ ဆရာတော်တစ်ပါးပါ။ မင်းကွန်းတိနိ ကျောင်းမှာ သတင်းသုံးပါတယ်။ မျက်စိ တစ်ဖက် ချို့ယွင်း နေတဲ့ ကြားက တိပိဋကဘွဲ့ ကိုရယူနိုင်ခဲ့တာပါ။ထိုင်းက အလှူ ရှင် (Bangok Airway) ပိုင်ရှင် က မတည်ထားပြီး၊ လူနာတွေအတွက် ကုန်ကျစရိတ် အလှူ ရှင် က Australia က ပါ။

ဆေးရုံံက အဂါင်္နေ့နဲ့ လပြည့်နေ့တိုင်း ပိတ်ပါတယ်။ မျက်စိ အတွက် အတွင်းတိမ် နဲ့ ရေတိမ် တွေကို ခွဲပြီး လေဆာ က ရေလမ်းကြောင်းပိတ်တဲ့ လူနာတွေကိုရေလမ်းကြောင်း ဖွင့်ဖို့ရယ်၊ အတွင်းတိမ်ခွဲပြီး ကြာသွားတဲ့ လူနာတွေ အထဲကထည့်ထားတဲ့ မျက်ကပ်မှန်ကို အညှိပြန်တက်ရင် ဖယ်ဖို့ရယ် သုံးပါတယ်လို့ သိရပါတယ်။ဆေးရုံကို လာတဲ့ ပထမဆုံး အကြိမ်အတွက် စာအုပ်ဖိုး 2000/- ကျပ်က လွဲလို့ အခမဲ့ ပါ။ သောက်ဆေးနဲ့ မျက်စဉ်းကတော့ အခမဲ့ မဟုတ်ပဲ တတ်နိုင်တဲ့သူဆိုရင် ဝယ်ရပါတယ်။
နိုင်ငံခြားသား မျက်စိကျွမ်းကျင်ပညာရှင် က ၃ ယောက် မျက်စိခွဲစိတ်အထူးကု တွေအားလုံး ရ ယောက်ရှိပြီး ၆ ယောက်က နီပေါ ကဖြစ်ပြီး တစ်ယောက်က လာအို ကပါ။အလှူ ရှင်တွေ အနေနဲ့ ဆေးရုံက အလှူ ခံဌာနမှာ မျက်စိ တစ်လုံးကို ၃ သောင်း နှုန်းနဲ့ လှူနိုင်ပါတယ်။မြန်မာပြည် မြောက်ဖျားမှ တောင်ဖျားအထိ လူနာများ အရွယ်စုံ နယ်စုံ ကုသမှုလာယူကြပြီး .တစ်နေ့ကို လူနာ ၃၀၀ မှ ၅၀၀ ကျော် လောက်ထိ ရှိပြီးတစ်နေ့ မျက်စိ ခွဲတာ၊ ဆေးရုံ တက်တာ ရာချီ ရှိပါတယ်။လှူဒါန်း ချင်ရင်ပဲ ဖြစ်ဖြစ်၊ ဆေးကုသ ချင်ရင်ပဲ ဖြစ်ဖြစ်၊

09795113851 ( အုပ်ချူပ်ရေးမှူးရုံး )

09 400 515 362

09 256 066 151
ရွှေရတုတိပိဋကစက္ခုပါလမျက်စိဆေးရုံ သို့ ဆက်သွယ်နိုင်ပါတယ်။

ခရစ်ဒစ််

POPULAR POSTS

ads