Breaking

Thursday, October 10, 2019

လူငယ်လေးတွေတောင် လိုက်မမှီနိုင်တဲ့ အမိုက်စားဖက်ရှင်နဲ့ ဂေါ်နေတဲ့ အေးဝတ်ရည်သောင်း

 မအေးသောင်းလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ အပျိုကြီးဆိုတဲ့ဂုဏ်ကို ဒီနေ့ဒီအချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲပါ။ လှပတဲ့ခန္ဓာကိုယ်လေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက အေးဝတ်ရည်သောင်းရဲ့ စွဲဆောင်မှုတစ်ခုပါ။ အဲ့စွဲဆောင်မှုလေးတွေကြောင့် မအေးသောင်းရယ်လို့ ကိုကိုတွေ မောင်မောင်တွေကြားမှာ ရေပန်းစားလှသူလေးတစ်ဦးပါ။



 ဒီနေ့မှာတော့ အေးဝတ်ရည်သောင်းက သူမရဲ့ အမိုက်စား ပွဲတက်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အေးဝတ်ရည်သောင်းရဲ့ အလန်းစားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အေးဝတ်ရည်သောင်းရဲ့ အခုပုံရိပ်လေးတွေက ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Samsung A series မိတ်ဆက်ပွဲ တက်ရောက်ခဲ့စဉ်က ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

ထို Samsung A series  မိတ်ဆက်ပွဲ အခမ်းအနားကို အေးဝတ်ရည်သောင်းနဲ့အတူတူ Samsung ရဲ့ Brand Ambassdor တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။အေးဝတ်ရည်သောင်းကတော့ အသက် (၃၀) ဆယ်ကျော်တာတောင် ငယ်ငယ်ကအတိုင်း ပြောင်းလဲခြင်းမရှိပဲ တစ်နေ့တစ်ခြား ပိုလို့တောင် လှလာတာကို တွေ့ရပါတယ်။
အေးဝတ်ရည်သောင်းကတော့ တစ်နေ့တစ်ခြား နုပျိုနေသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Thaung's fb
Photo: Htet Waiyan Win Thu

ads