နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်ကတော့ သူမရဲ့ရင်တွင်းခံစားချက် လေးတွေကို လူမှုကွန်ယက်မှာ ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ ပထမအရွယ်မှာ ပညာရှာ ဒုတိယအရွယ်မှာ ဥစ္စာရှာ တတိယအရွယ်မှာ တရားရှာဆိုတဲ့ စကားလေးတွေအတိုင်းပါပဲ သူမက လက်ရှိမှာ ဒုတိယအရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး လိုအပ်တာတွေလည်း အထိုက်အလျောက် ပြည့်စုံပြီးနောက်မှာတော့ သူမအနေနဲ့ စိတ်ချမ်းသာမှုကိုပဲ လိုချင်တဲ့ဆိုတဲ့အကြောင်းလေးကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိအချိန်ထိလည်း သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေနဲ့ သူမရဲ့ဂီတလမ်းကြောင်းဟာ အောင်မြင်ဖြောင့်ဖြူးနေခဲ့ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေလောက်က ဂီတလောက ကနေ ရပ်နားလိုက်ဖို့ ဆုံးဖြတ်ပြီးကြောင်း ပြောပြတဲ့အချိန်မှာတော့ ခင်မင်သူတွေနဲ့ ပရိသတ်တွေက ဝိုင်းဝန်းပြီး တားဆီးခဲ့ကြပါသေးတယ်။ ချစ်စရာကောင်းတဲ့ အိုင်ရင်းနဲ့အသံလေးကို နားမဆင်ရတော့မှာ အားလုံးက စိုးရိမ်တာပေါ့နော်။
သူမရဲ့ရင်တွင်းခံစားချက်တစ်ချို့ကို ” ငယ်စဉ်ကပညာ ပညာဆိုပြီး ရှာဖွေခဲ့တယ် အထိုက်အလျှောက်လိုအပ်တဲ့ပညာတချို့ ဘွဲ့တချို့ ရပြီးစဉ်အချိန်က အလုပ်အလုပ် ပိုက်ဆံပိုက်ဆံ ဆိုပြီး ရိုးသားကြိုးစားရှာဖွေဖြစ်တယ် အခုအသက်အရွယ်ပိုင်းခြားတခုမှာတော့ ကျမအတွက် ဘယ်အရာမှမလိုအပ်သလောက်ကိုပဲ ကျမလိုအပ်တာတခုတော့ရှိတယ် စိတ်ချမ်းချမ်းသာသာန့ဲ အေးအေးချမ်းချမ်း လေးပဲ ဘဝကိုဖြတ်သန်းချင်မိတော့တယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။Photo – Irene Zin Mar Myint
Happy – Cele Gabar
Friday, October 4, 2019
Home
/
Celebrity
/
ဘဝမှာအရာအားလုံးပြည့်စုံနေပြီမို့ စိတ်ချမ်းသာဖို့ပဲ လိုအပ်တော့တယ်ဆိုတဲ့ အိုင်ရင်းဇင်မာမြင့်
ဘဝမှာအရာအားလုံးပြည့်စုံနေပြီမို့ စိတ်ချမ်းသာဖို့ပဲ လိုအပ်တော့တယ်ဆိုတဲ့ အိုင်ရင်းဇင်မာမြင့်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity