Breaking

Thursday, October 24, 2019

ဂိုးဖမ်း စိတ်ဝင်စားသူတွေအတွက် ဂိုးဖမ်းသင်တန်းဖွင့်လှစ်မယ့် မြန်မာ့ လက်ရွေးစင် ဂိုးသမားဟောင်း သီဟစည်သူ

 မြန်မာ ယူ ၂၃ ရဲ့ လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်တဲ့ သီဟစည်သူရဲ့ ဦးဆောင်မှုနဲ့ ဂိုးဖမ်းစိတ်ဝင်စားသူတွေ အတွက် ဂိုးဖမ်းနည်းအခြေခံသင်တန်းကို လာမယ့်နိုဝင်ဘာ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

 ဘောလုံးကစားနည်းကို စနစ်တကျကျွမ်းကျင် ကစားတတ်စေရန်နဲ့ ကျွမ်းကျင်တဲ့ လူငယ်တွေအတွက် လမ်းကြောင်းပေါ်ရောက်အောင်တင်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ဖွင့်ခဲ့တာလဲ ဖြစ်ပါတယ်။သီဟစည်သူဟာ ဧရာဝတီအသင်းရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပြီး မြန်မာဘောလုံးပရိသတ်များ အကြိုက်ဆုံးဂိုးသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သီဟစည်သူကလည်း ကလပ်အသင်းမှာဖြစ်ဖြစ် နိုင်ငံအသင်းမှာဖြစ်ဖြစ် အမြဲအကောင်းဆုံးကစားသူလဲ ဖြစ်ပါတယ်။
မြန်မာ့ဂုဏ်ဆောင်လက်ရွေးစင်ဂိုးသမား အဖြစ်လည်း ယူ-၂၃အသင်းအတွက် အချိန်အကြာကြီးကစားပေးခဲ့ပါတယ်။
မိုမိုလေး ပရိသတ်တွေထဲက ဘောလုံးဝါသနာပါသူတွေ စုံစမ်းလို့ရအောင် share လုပ်ပေးလိုက်ပါအုံးနော်။

Ref: Thiha Si Thu
LeoThT
credit-momolay.com

POPULAR POSTS

ads