Breaking

Friday, October 18, 2019

နှပ်ချေးစားခြင်းက အသားဖြူစေနိုင်ကြောင်းတွေ့ရှိ



လူတွေဟာ ငယ်ငယ်ကတည်းက နှပ်ချေးနှိုက်တဲ့အကျင့်ရှိခဲ့ကြပါတယ်။ကလေးဘဝမှာ နှပ်ချေးနှိုက်ပြီးအဲဒါလေးကို လုံးလုံးနေရတာကိုက စည်းစိမ်တစ်မျိုးပါပဲ။ ဒါပေမယ့် လူကြီးတွေက နှပ်ချေးနှိုက်တဲ့အကျင့်ကို ရှုံ့ချပြီး ပဲ့ပြင်ပေးခြင်းနဲ့ နှပ်ချေးနှိုက်ရတဲ့စည်းစိမ်ကို ကလေးတွေလက်ထဲကနေလုယူသွားပါတော့တယ်။တကယ်တော့ လူကြီးတွေအနေနဲ့လည်း ပိုးမွှားတွေကို ပါးစပ်ထဲမဝင်အောင် ကာကွယ်ပေးတဲ့အနေနဲ့ နှပ်ချေးနှိုက်တဲ့အကျင့်ကိုဖျောက်ပေးတာပါ။ ဒါပေမယ့် ပိုးမွှားမှန်သမျှဟာ မကောင်းတဲ့ပိုးမွှားတွေချည်းမဟုတ်တာကိုသတိချပ်ရပါမယ်။




 ကနေဒါမှာရှိတဲ့ Saskatchewan University က ဇီဝသုတေသနပညာရှင် ဒေါက်တာတစ်ဦးရဲ့ မကြာသေးမီက သုတေသနပြုချက်တွေအရတော့ နှပ်ချေးနုှိုက်ခြင်းဟာ လုံးဝမကောင်းတာတော့မဟုတ်ပါဘူးတဲ့။ စည်းနဲ့ကမ်းနဲ့နှိုက်မယ်ဆိုရင် ကျန်းမာရေးနဲ့တောင်ညီညွတ်သေးတယ်လို့သိရပါတယ်။ နှပ်ချေးစားခြင်းဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အကျိုးကျေးဇူးများစွာရစေပြီး ခုခံအားကိုမြှင့်တင်ပေးနိုင်တဲ့အပြင် ရောဂါပိုးမွှားတွေကိုကာကွယ်နိုင်စွမ်းကိုပါမြှင့်တင်ပေးတယ်လို့သိရပါတယ်။ ဒါပေမယ့်အချို့သော ပညာရှင်တွေကတော့ လူတွေက အိပ်နေစဉ်အတွင်းမှာကို နှာခေါင်းထဲက အကျိအချွဲတွေကို မျိုချမိနေတာကြောင့်နှပ်ချေးကို တကူးတကစားဖို့မလိုပါဘူးလို့ ငြင်းဆန်နေကြသူတွေလည်းရှိနေပါတယ်။

ဒါ့အပြင်နှပ်ချေးဟာ အသားအရည်ထဲက မကောင်းတဲ့ဓာတ်တွေကိုတိုက်ထုတ်ပေးပြီးပိုးမွှားတွေမဝင်အောင်ကာကွယ်ပေးရုံသာမက မယ်လနင်ဓာတ်တွေကိုလည်း လျှော့ချပေးတာမို့ နှပ်ချေးကိုသူ့အတိုင်းအတာနဲ့သူပုံမှန်စားရင်အသားတောင်ဖြူစေနိုင်တယ်ဆိုတဲ့ စမ်းသပ်ချက်တွေလည်းထွက်ရှိလို့လာပါတယ်။ ဒါကြောင့် နောက်မကြာတော့တဲ့ကာလတွေမှာ နှပ်ချေးကို လူတွေစားလို့ရတဲ့ အရသာမျိုးဖြစ်အောင် ရသာထည့်သွင်းပေးဖို့ ဖော်မြူလာဖော်စပ်မှုတွေလည်း ပြုလုပ်နေကြပြီလို့သိရပါတယ်။


(နွပ္ေခ်းစားျခင္းက အသားျဖဴေစနုိင္ေၾကာင္းေတြ႕ရွိ)

လူေတြဟာ ငယ္ငယ္ကတည္းက နွပ္ေခ်းနိႈက္တဲ့အက်င့္ရွိခဲ့ၾကပါတယ္။ကေလးဘဝမွာ နွပ္ေခ်းနႈိက္ျပီးအဲဒါေလးကုိ လံုးလံုးေနရတာကုိက စည္းစိမ္တစ္မ်ိဳးပါပဲ။ ဒါေပမယ့္ လူၾကီးေတြက နွပ္ေခ်းနိႈက္တဲ့အက်င့္ကို ရံႈ႕ခ်ျပီး ပဲ့ျပင္ေပးျခင္းနဲ႔ နွပ္ေခ်းနႈိက္ရတဲ့စည္းစိမ္ကုိ ကေလးေတြလက္ထဲကေနလုယူသြားပါေတာ့တယ္။တကယ္ေတာ့ လူၾကီးေတြအေနနဲ႔လည္း ပုိးမႊားေတြကုိ ပါးစပ္ထဲမဝင္ေအာင္ ကာကြယ္ေပးတဲ့အေနနဲ႔ နွပ္ေခ်းနိႈက္တဲ့အက်င့္ကုိေဖ်ာက္ေပးတာပါ။ ဒါေပမယ့္ ပိုးမႊားမွန္သမွ်ဟာ မေကာင္းတဲ့ပုိးမႊားေတြခ်ည္းမဟုတ္တာကုိသတိခ်ပ္ရပါမယ္။
ကေနဒါမွာရွိတဲ့ Saskatchewan University က ဇီဝသုေတသနပညာရွင္ ေဒါက္တာတစ္ဦးရဲ႕ မၾကာေသးမီက သုေတသနျပဳခ်က္ေတြအရေတာ့ နွပ္ေခ်းနုႈိက္ျခင္းဟာ လံုးဝမေကာင္းတာေတာ့မဟုတ္ပါဘူးတဲ့။ စည္းနဲ႔ကမ္းနဲ႔နိႈက္မယ္ဆိုရင္ က်န္းမာေရးနဲ႔ေတာင္ညီညြတ္ေသးတယ္လုိ႔သိရပါတယ္။ နွပ္ေခ်းစားျခင္းဟာ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့အက်ိဳးေက်းဇူးမ်ားစြာရေစျပီး ခုခံအားကုိျမွင့္တင္ေပးနုိင္တဲ့အျပင္ ေရာဂါပိုးမႊားေတြကုိကာကြယ္နုိင္စြမ္းကုိပါျမွင့္တင္ေပးတယ္လို႔သိရပါတယ္။ ဒါေပမယ့္အခ်ိဳ႕ေသာ ပညာရွင္ေတြကေတာ့ လူေတြက အိပ္ေနစဥ္အတြင္းမွာကုိ နွာေခါင္းထဲက အက်ိအခြ်ဲေတြကုိ မ်ိဳခ်မိေနတာေၾကာင့္နွပ္ေခ်းကုိ တကူးတကစားဖို႔မလိုပါဘူးလို႔ ျငင္းဆန္ေနၾကသူေတြလည္းရွိေနပါတယ္။
ဒါ့အျပင္နွပ္ေခ်းဟာ အသားအရည္ထဲက မေကာင္းတဲ့ဓာတ္ေတြကုိတုိက္ထုတ္ေပးျပီးပိုးမႊားေတြမဝင္ေအာင္ကာကြယ္ေပးရံုသာမက မယ္လနင္ဓာတ္ေတြကုိလည္း ေလွ်ာ့ခ်ေပးတာမို႔ နွပ္ေခ်းကုိသူ႔အတုိင္းအတာနဲ႔သူပံုမွန္စားရင္အသားေတာင္ျဖဴေစနုိင္တယ္ဆိုတဲ့ စမ္းသပ္ခ်က္ေတြလည္းထြက္ရွိလို႔လာပါတယ္။ ဒါေၾကာင့္ ေနာက္မၾကာေတာ့တဲ့ကာလေတြမွာ နွပ္ေခ်းကုိ လူေတြစားလို႔ရတဲ့ အရသာမ်ိဳးျဖစ္ေအာင္ ရသာထည့္သြင္းေပးဖို႔ ေဖာ္ျမဴလာေဖာ္စပ္မႈေတြလည္း ျပဳလုပ္ေနၾကျပီလို႔သိရပါတယ္။

POPULAR POSTS

ads