အနုပညာကိုစိတ်ရောကိုယ်ပါနှစ်ပြီး အကောင်းဆုံး ပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံကတော့ ထူးခြားတဲ့ အနုပညာစွမ်းရည်ကြောင့်အချိန်တိုအတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်ဖြိုးသုက သူမကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးရဲ့World Premier ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့ချစ်စရာပုံရိပ်တွေကိုလူမှုကွန်ယက်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ အဝါရောင်ဂါဝန်လေးနဲ့ အရမ်းကိုတောက်ပနေတဲ့ ပိုင်ဖြိုးသုရဲ့ပုံရိပ်တွေကတော့ အရမ်းကို လှရက်လွန်းနေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းကို ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလို အရမ်းလှရက်လွန်းနေတဲ့ အဝါရောင်နတ်မိမယ်လေး ပိုင်ဖြိုးသုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ပိုင်ဖြိုးသုကတော့ "Now and Ever movie World Premier ပွဲတက် 😊😊😊ပွဲထဲမရောက်ခင်တစ်ယောက်တည်းသီးသန့်ပဲများထားတဲ့ပုံလေးတွေ အရင်တင်မယ်နော် 🥰🥰🥰တရုတ်စကားပန်းလေးပန်ချင်တယ်ဆိုလို့ အပြေးအလွှားသူများခြံထဲဝင်ခပ်တည်တည်ကြီးနဲ့သွားခူးပေးကြတဲ့ဒေါ်သု makeup ဆရာမ May John နဲ့ ဒေါ်သုရဲ့တပ်သားဒေါ်မေသွယ်@အဖွားကြီးလည်းကျေးဇူးပါလို့ 😜🤪" ဆိုပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ သူမရဲ့ပွဲတက်ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။သရုပ်ဆောင်လည်းကောင်း၊ လူလေးကလည်း ချစ်စရာကောင်းတဲ့ သုသုလေး...။
ပိုင်ဖြိုးသုပါဝင်သရုပ်ဆောင်ထားတဲ့ "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးကတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ပိုင်ဖြိုးသုကတော့ သူမခင်ပွန်းကိုယ်တိုင် ဒါရိုက်တာလုပ်မယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ ပြောထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ သုသုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat credit-momolay.com
Source;Paing Phyoe Thu's Facebook
Tuesday, October 22, 2019
Home
/
Celebrity
/
အဝါရောင် ဂါဝန်လှလှလေးနဲ့ ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလို ပွဲတက်ခဲ့တဲ့ ပိုင်ဖြိုးသု
အဝါရောင် ဂါဝန်လှလှလေးနဲ့ ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလို ပွဲတက်ခဲ့တဲ့ ပိုင်ဖြိုးသု
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity