တစ်ဦးနဲ့တစ်ဦး အချစ်တွေအပြည့်အဝပေးရင်း ရှေ့ဆက်နေကြတဲ့ အဆိုတော် ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကတော့ တစ်ယောက်ကိုတစ်ယောက် အကောင်းဆုံး ပါရမီဖြည့်ရင်း ဘဝကို ရှေ့ဆက်နေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဝါဆိုမိုးဦးက ချစ်သူနဲ့အတူ ကျိုက်က္ခမီ ရေလည်ဘုရားဖူးရင်း ငါးစာကျွေးနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ နှစ်ယောက်လုံးကလည်း စိတ်တူကိုယ်တူရှိလှတာမို့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။
ဝါဆိုမိုးဦးကတော့ "ကျိုက်က္ခမီ ရေလည်ဘုရားဖူးရင် ငါးစာလေးတွေကျွေးကြတယ်❤️❤️❤️" ဆိုပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေးကတော့ မကြာခဏဆိုသလို တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိချစ်ကြောင်းလည်း ပြောလေ့ရှိပါတယ်။အရမ်းလိုက်ဖက်ညီတဲ့ စုံတွဲလေး...။
ဝါဆိုကတော့ အဆိုပိုင်း၊ သရုပ်ဆောင်ပိုင်းမှာသာမကပဲ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးအနေနဲ့လည်း ဇာတ်ကားတွေရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝါဆိုမိုးဦးနဲ့ ချစ်သူဖြိုးလေးတို့နှစ်ဦးကတော့ အခုဆိုရင် ချစ်သူသက်တမ်း (၃) နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို လိုက်ဖက်ညီလွန်းတဲ့ ဝါဆိုမိုးဦးတို့ ချစ်သူနှစ်ဦးကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Warso Moe Oo's Facebook
Thursday, October 17, 2019
Home
/
Celebrity
/
ကျိုက်က္ခမီ ရေလည်ဘုရားဖူးရင် ငါးစာလေးတွေကျွေးနေကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေး
ကျိုက်က္ခမီ ရေလည်ဘုရားဖူးရင် ငါးစာလေးတွေကျွေးနေကြတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity