Breaking

Thursday, October 24, 2019

နံနက်ခင်းရဲ့နေရောင်ခြည်လေးလို နူးညံ့တဲ့ နော်ဖောအယ်ထားရဲ့ခရီးသွားပုံရိပ်တွေ

 ပုရိသကိုကိုတွေရဲ့နှလုံးသားကို သိမ်းပိုက်ထားတဲ့ အရမ်းချစ်​စရာ​ကောင်းတဲ့ ​မော်​ဒယ်​မ​လေး နော်​ဖောအယ်​ထားက​တော့ ပျားရည်ထက်ချိုတဲ့ အပြုံးလှလှ​လေး​တွေ​ကြောင့်​ပရိသတ်​တွေရဲ့ချစ်​ခင်​ခြင်းကို အပြည့်​အဝရရှိ​နေတာပါ ။ မကြာခဏဆိုသလို သူမရဲ့ အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိတဲ့ နော်ဖောအယ်ထားကတော့ လတ်တလောမှာလည်း နူးနူးညံ့ညံ့နဲ့ လှရက်လွန်းတဲ့သူမရဲ့ပုံရိပ်တွေကို လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ချစ်စရာဖက်ရှင်လေးနဲ့ လှချင်​တိုင်းလှ​နေတဲ့​နော်​ဖောအယ်​ထား​လေးက​တော့ အရမ်းကို​ကျော့ရှင်း​နေတာပါ​နော်​။

 မိုမိုလေးချစ်ပရိသတ်တွေအတွက် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှရက်လွန်းတဲ့ မော်ဒယ်မလေး နော်ဖောအယ်ထားရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။နော်ဖောအယ်ထားလေးကတော့ "Trip Plz !!!!!!!!!" ဆိုပြီး ခရီးတွေထပ်သွားချင်တယ်ဆိုတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ လူလေးလှသလို သရုပ်ဆောင်လည်းကောင်းတဲ့ နော်ဖောအယ်ထားကတော့ တလောက ပြသခဲ့တဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲထဲမှာလည်း သုဒြာဆိုတဲ့ ကောင်မလေးနေရာမှ အကောင်းဆုံး သရုပ်ဆောင်ထားပါသေးတယ်။အသည်းယားဖို့ကောင်းလောက်အောင် လှရက်လွန်းတဲ့ သူမ...။


ချစ်စရာမော်ဒယ်မလေး နော်ဖောအယ်ထားကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး၊ ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ နော်ဖောအယ်ထားလေးကိုကြွေရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat credit-momolay.com
Source;Naw Phaw El Htar's Facebook

POPULAR POSTS

ads