မော်ဒယ်လောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်က လက်ရှိမှာလည်း မော်ဒယ်လောကကို ဦးဆောင်ထားနိုင်သူတစ်ယောက်ပါပဲ။ သန္တာလှိုင်က သူမဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ရင်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သန္တာလှိုင်က မနေ့ညက သူမသွားရောက်ကြည့်ရှုခဲ့တဲ့ "Now & Ever" world premier ပွဲကို တက်ရောက်ခဲ့ပြီး သူမကြည့်ရှုခဲ့တဲ့ "Now & Ever" ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို မျှဝေပေးထားပါတယ်။
"မနေ့ညက world premier ပွဲစပြတော့ တစ်ခါမှ premier ပွဲမတက်ဘူးတဲ့ ကျွန်မတို့ မောင်နှံရယ် T's Workshop team တဖွဲ့လုံး သွားအားပေးကြတာပေါ့.. Trailer မှာထဲကစိတ်ဝင်စားဖို့ကောင်းတဲ့ မေတ္တာဖွဲ့ကားလေးက ရုံထဲလဲရောက်ရော လက်ဖျားခါရလောက်အောင် ကောင်းနေပြန်တယ်။ "
"မိတ်ကပ် အပြင်အဆင်၊ နောက်ခံတေးဂီတ၊ ဇာတ်အိမ် အချိတ်အဆက် ရသရုပ်လုံးပေါ်ပြီး ပီပြင်သေသပ်တယ်။ အချိန် တစ်နှစ်ခွဲကြာအောင် ပြင်ဆင်ခဲ့ပြီး နိုင်ငံတကာ အဆင့်မှီတဲ့ ဒီရုပ်ရှင်ကားကြီးမှာ ကျွန်မရဲ့ T's Workshop ကလည်း ပံ့ပိုးခွင့်ရခဲ့လို့လဲ ဝမ်းသာကျေနပ်ရပါတယ်။"
"ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီးကို ဖန်တီးခဲ့တဲ့ ခီမောင်နှံနဲ့ အဖွဲ့သားတွေ အားလုံးကို congratulations ပါနော်။ Christina Kyi ရဲ့ သူဖန်တီးချပြတဲ့ ချစ်ခြင်းမေတ္တာက အရမ်းယုတ္တိဆန်ပါတယ်။ အသေးစိတ်ကအစ သေချာပြင်ဆင်တတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်ရည်နဲ့ အမေတွေရဲ့ ခွန်အားနဲ့ မေတ္တာကို ထင်ထင်ရှားရှား တွေ့လိုက်ရတာလို့ပဲ ပြောချင်တယ်။ ဒိထက်မကလဲ နိုင်ငံတကာက ဆုကြီးတွေ ရရှိပြီး ဒီထက်ကောင်းတဲ့ အနုပညာရသကို ဖန်တီးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။" ဆိုပြီး "Now & Ever" ရုပ်ရှင်ဇာတ်ကားကြီးနဲ့တကွ ခရစ္စတီးနားခီရဲ့ အနုပညာကို ချီးကျူးထားပါတယ်။သန္တာလှိုင်ကတော့ သူမ ကြည့်ရှုခဲ့တဲ့ "Now & Ever" ရုပ်ရှင်ဇာတ်ကားကြီးကို အခုလိုပဲ ချီးကျူးထားတာ ဖြစ်ပါတယ်။ "Now & Ever" ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ (၃၁) ရက်နေ့မှာ စတင်ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။
Rowena
Source: Thandar Hlaing သန္တာလှိုင်
Tuesday, October 22, 2019
Home
/
Celebrity
/
"ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြည့်ပြီး ခရစ္စတီးနားခီကို ချီးကျူးလိုက်တဲ့ သန္တာလှိုင်
"ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြည့်ပြီး ခရစ္စတီးနားခီကို ချီးကျူးလိုက်တဲ့ သန္တာလှိုင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity