Melody World သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ အရည်အချင်းပြည့်ဝသူတစ်ဉီးပါ။ လတ်တလောမှာတော့ ဖြိုးပြည့်စုံနဲ့ အပေါင်းအပါ နှစ်ဦးကို မူးယစ်ဆေးဝါးမှု့နဲ့ ဗဟန်းမြိုနယ် ဆရာစံရပ်ကွက် Myanmar Plaza ရှိ Glonja Jans Coffee ဆိုင် ရှေ့မှာ ဖမ်းဆီခံခဲ့ရတာကြောင့် အနုပညာလောကမှာ အရမ်းကိုစိတ်မကောင်းဖြစ်နေကြတာပါ။ဒီတစ်ခါမှာတော့ အဆိုတော် ဖြိုးပြည့်စုံ လွတ်မြောက်တယ် ဆိုတဲ့ သတင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
၇.၁၀. ၂၀၁၉ ရက်နေ့မှာ အဆိုတော် ဖြိုးပြည့်စုံ အပါအ၀င် အမျိုးသားသုံးဦးကို မူးယစ်တပ်ဖွဲ့က တရားလိုပြု တိုင်တန်းမှုကြောင့်ဗဟန်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားရတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံကို ဆေးပြားများဖြင့်တွေ့ရှိတယ်ဆိုတဲ့သတင်အပေါ် ဖြိုးပြည့်စုံက သူ့လက်ထဲမှာ ရှိတဲ့ ဆေးပြားတွေက မူးယစ်ဆေးဝါးများမဟုတ်ကြောင်းငြင်းဆိုခဲ့တာပါ။
ဒီနေ့မှာတော့ အဆိုတော် ဂျူဝယ်က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ " ကိုဖြိုးပြည့်စုံ အပါအဝင်ငြိမ်းချမ်းကို ၊ ရော်နီစန်းလွင် (၃) ဦးလုံး ဒီနေ့ခင်းဘဲ မှားယွင်းစွပ်စွဲမှုမှ လွတ်မြောက်ပြီး အိမ်ပြန်ရောက်ခဲ့ကြပါပြီ....." ဆိုပြီး ဖော်ပြထားပါတယ်။အနုပညာရှင်တော်တော်များများကလည်း သူတို့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အရမ်းပျော်ရွှင်ရကြောင်း တင်ထားကြတာပါ။မိုမိုလေး ပရိသတ်ကြီးကလည်း အဆိုတော်ဖြိုးပြည့်စုံ လွတ်မြောက်ပြီ ဖြစ်တဲ့ အတွက် ပျော်ရွှင်ကြလိမ့်မယ်လို့ ထင်ပါတယ်။
Moekalay
Source;yadanar oo
Wednesday, October 9, 2019
မူးယစ်ဆေးမှု့နဲ့ ဖမ်းဆီးထိန်းသိမ်းးခံထားရတဲ့ အဆိုတော်ဖြိုးပြည့်စုံ လွတ်မြောက်ပြီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity