နိုင်ငံကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က အလှမယ်ဘဝကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက် အခုဆိုရင် အကယ်ဒမီဆုကြီး များစွာကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က လက်ရှိအချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးများစွာမှာ သရုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားနဲ့ သမီး နှစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်က သူမရဲ့ အလှပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အိန္ဒြာကျော်ဇင်က မနေ့က အောက်တိုဘာလ (၂၁) ရက်နေ့က “Myanmar’s Pride Awards” press conference ပွဲကို မြင်သူတကာငေးရတဲ့ မြန်မာဝတ်စုံလေးနဲ့ ပွဲတက်လာခဲ့တာပဲ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ ကလေးနှစ်ယောက် မိခင်ဆိုပေမယ့် တစ်နေ့တစ်ခြား ပိုပိုပြီး အလှတွေ တိုးလာတာကို တွေ့မြင်ရပါတယ်။ ပရိသတ်ကြီးလည်း ကျက်သရေရှိတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။အိန္ဒြာကျော်ဇင်ကတော့ အသက် (၄၀) ကျော်တိုင် အောင်မြင်မှုတွေများစွာ ရရှိနေပြီး ငယ်ငယ်ကအတိုင်း လှမြဲ၊ လှဆဲပဲမို့ ပရိသတ်တွေက အလှဘုရင်မရယ်လို့ သက်မှတ်ထားကြတာ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ ဘယ်လိုကြည့်ကြည့်ကို လှနေတာပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ခမ်းနားလှတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Eaindra Kyaw Zin's fb
Photo: Li John Lay
Tuesday, October 22, 2019
အလှပေါ် အယဉ်ဆင့်ပြီး ငေးကြည့်နေရလောက် လှနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity