Breaking

Sunday, October 27, 2019

ဖခင်ဖြစ်သူနဲ့ ပွဲအတူတက်ရင်း သီချင်းတွေအတူဆိုခဲ့တဲ့ ပန်းရောင်ခြယ်

 ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီး ပန်းရောင်ခြယ်လေးကတော့ ဖခင်ဖြစ်သူနဲ့တူလို့ အနုပညာအရည်အချင်း အပြည့်အဝ ရှိသူတစ်ဉီးပါ။ လတ်တလောမှာတော့ ပန်းရောင်လေးက ချစ်ရတဲ့ ဖေဖေနဲ့ သီချင်းတွေ အတူဆိုရင်း ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပန်းရောင်ခြယ်လေးကတော့ ဖခင်နဲ့တူလို့ အသံကောင်းတဲ့အပြင်၊ သရုပ်ဆောင်လည်းကောင်းတာကြောင့် ပရိသတ်တွေက အရမ်းချစ်ကြတာပါနော်။

 ပန်းရောင်ခြယ်ကတော့ "Daddy နဲ့ အမှတ်တရပွဲ​လေး 👨‍👧💙 ဒီပွဲမတိုင်ခင် အသံပြန်ထွက်လာလို့ ကံ​ကောင်း။ တကယ်​ပျော်ခဲ့ရတဲ့ညပါ၊ Daddy ရဲ့ သီချင်း​တွေလဲ တစ်ဝကြီးနား​​ထောင်၊ လိုက်ဆိုခဲ့ရ 🎵" ဆိုပြီး ချစ်ဖေဖေနဲ့ သီချင်းဆိုခဲ့တဲ့ အမှတ်တရပွဲလေးက ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။


ပန်း​ရောင်​ခြယ်​က​တော့ လတ်​တ​လောမှာ သီချင်း​တွေဆက်​တိုက်​ပြုလုပ်​ဖြစ်​နေတာပါ။ ပန်းရောင်ခြယ် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ "လိပ်ပြာ" ဇာတ်လမ်းတွဲကြီးကလည်း ရုပ်သံလိုင်းတွေမှာ ပြသနေပြီပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း ဖခင်ဖြစ်သူနဲ့အတူ ပွဲတက်ရင်း သီချင်းတွေဆိုခဲ့တဲ့ အရုပ်​မ​လေး ပန်း​ရောင်​လေးကိုချစ်​ရင်​share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Pann Yaung Chel's Facebook
Photo:Phonn Photography

POPULAR POSTS

ads