Breaking

Tuesday, October 29, 2019

လယ်ကလေးရွာက ခေတ္တဆရာမလေးဖြစ်သွားပြန်တဲ့ နော်ဖောအယ်ထား

 တလောက ရုပ်သံလိုင်းတွေမှာ ပြသသွားတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲကြီးကိုတော့ ပရိသတ်တွေလည်း သတိတရ ရှိနေကြဦးမှာပါ။ ဒါဆိုရင်တော့ အဆိုပါ ဇာတ်လမ်းတွဲထဲက သုဒြာဆိုတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးချောလေး နော်ဖောအယ်ထားကိုလည်း မေ့ကြဦးမယ် မထင်ပါဘူး။ ကရင်မလေး နော်ဖောအယ်ထားကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ရော အေးချမ်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့်ပါ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နော်ဖောအယ်ထားက ရိုက်ကူးရေးတစ်ခုအတွက် လယ်ကလေးရွာက ခေတ္တဆရာမလေးဖြစ်သွားပြန်တဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်နော်။


 မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ 'လယ်ကလေး ရွာ က ခေတ္တ ဆရာမလေး ❤️🎞📽📸" ဆိုပြီး ရိုက်ကူးရေးတစ်ခုအတွက် ဆရာမတစ်ဦးအသွင် ပုံဖော်နေရတဲ့ သူမရဲ့ချစ်စရာပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ခန္ဓာကိုယ် သွယ်လျလျလေးကို ပိုင်ဆိုင်ထားတဲ့ နော်ဖောအယ်ထားလေးကတော့ ဆရာမဝတ်စုံလေးနဲ့လည်း အရမ်းကို လိုက်ဖက်ပြီး ချစ်စရာကောင်းလွန်းနေတာပါနော်။ချစ်စရာကျောင်းသူ၊ ကျောင်းသားလေးတွေနဲ့ ချစ်စရာ ဆရာမလေး နော်ဖောအယ်ထား...။


မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး၊ ဇာတ်လမ်းတွေလည်း ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်။ တောင်ကြီးသူလေး နော်ဖောအယ်ထားကတော့ မကြာခဏဆိုသလို သူမရဲ့မွေးရပ်မြေကို အလည်ပြန်လေ့ရှိပြီး အလှပုံတွေလည်း ဝေမျှပေးလေ့ရှိပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မကြာခင်မှာ ကျောင်းဆရာမလေးအဖြစ် မြင်တွေ့ရတော့မယ့် နော်ဖောအယ်ထားလေးကို အားပေးမယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Naw Phaw El Htar's Facebook

POPULAR POSTS

ads