မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် အားပေးကြတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့ဟာ အနုပညာလောကမှာ အောင်မြင်မှုတွေ ကိုယ်စီရရှိထားသူတွေပါ။ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း အတွဲညီညီနဲ့ သရုက်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်လာကြတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့က အခုအချိန်ထိတိုင် ရင်းရင်းနှီးနှီး ရှိနေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။မနေ့က အောက်တိုဘာလ (၁၀) ရက်နေ့မှာတော့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့က ပွဲအခမ်းအနားတစ်ခုကို အတူတူ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။
ထိုပုံတွေမှာ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့က ငယ်စဉ်ကအတိုင်း ဘာမှပြောင်းလဲသွားခြင်းမရှိပဲ နုပျိုမှုတွေနဲ့ တွေ့ရလို့ ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့က "သားကောင်းမိခင်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ သရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီး အခုမှာတော့ "ကောင်းကင်မရှိတဲ့ကြယ်" ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ တွဲဖက်သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။
Rowena
Photo: Pyae lhyo's fb
Friday, October 11, 2019
Home
/
Celebrity
/
ငယ်ငယ်ကအတိုင်း မပြောင်းလဲပဲရှိနေကြသေးတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့ သူငယ်ချင်းများ
ငယ်ငယ်ကအတိုင်း မပြောင်းလဲပဲရှိနေကြသေးတဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ထွန်းထွန်းတို့ သူငယ်ချင်းများ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity