Breaking

Friday, October 4, 2019

ခေးဆက်သွင်၊ ပိုးကြာဖြူခင်တို့နဲ့အတူတူ တွဲဖက်ကြော်ငြာရိုက်ကူးခဲ့တဲ့ စည်သူဝင်း

 ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသားချော စည်သူဝင်းကတော့ "ဝင်္ကပါရှင်းတမ်း"၊ "မိုးကောင်းကင်အိမ်မက်"၊ " အိပ်မက်ကျော့ကွင်း "၊ "နှင်းဆီ" စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှု ရရှိထားသူပါ။ စည်သူဝင်းကတော့ လက်ရှိမှာတော့ သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

 ဒီတစ်ခေါက်မှာလည်း စည်သူဝင်းက သူ့ရဲ့ အနုပညာညီမလေးတွေဖြစ်တဲ့ ပိုးကြာဖြူခင်၊ ခေးဆက်သွင်တို့နဲ့ ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားတာကို တွေ့ရပါတယ်။
စည်သူဝင်းနဲ့ ပိုးကြာဖြူခင်က "မိုးကောင်းကင်အိမ်မက်" စတဲ့ ဇာတ်လမ်းတွဲမှာ ရဲသွေးနဲ့ ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ကောင်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ခေးဆက်သွင်နဲ့ စည်သူဝင်းတို့က မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ "နှင်းဆီ" ဇာတ်လမ်းတွဲထဲက တင်မောင်ကျော်နဲ့ နှင်းဆီ ဆိုတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။စည်သူဝင်းကတော့ "အကိုကျော် + နှင်းဆီ လား😍 ရဲသွေး + ဆိုင်းမိုင် လား😍" ဆိုပြီး မေးထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စည်သူဝင်းရဲ့ ဘယ်ကာရိုက်တာကို ပိုကြိုက်လဲဆိုတာ ပြောပြခဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Si Thu Win's fb

POPULAR POSTS

ads