Breaking

Saturday, October 26, 2019

ချစ်စနိုးဦးတို့ရဲ့ စုလျားရစ်ပတ်မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ပေးခဲ့တဲ့ အပျိုကြီး မအေးသောင်း

 ယောကျာ်းလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် ဝန်းရံခံရတဲ့ မင်းသမီးချော အေးဝတ်ရည်သောင်းက အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ပါပဲ။ အေးဝတ်ရည်သောင်းက ဆယ်ကျော်သက် အရွယ်ကတည်းက အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး အခုချိန်ထိ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက အခုဆိုရင် အသက် (၃၀)ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

 အေးဝတ်ရည်သောင်းက မနေ့က အောက်တိုဘာလ (၂၆) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ အဆိုတော် ကိုဖိုးသားနဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ချစ်စနိုးဦးတို့ရဲ့ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။အေးဝတ်ရည်သောင်းက "ချစ်ရတဲ့ မောင်လေးဖိုးသားနဲ့ညီမလေး ချစ်စနိုးဦးတို့ရဲ့ စုလျားရစ်ပါတ် အခမ်းအနားလေးမှာ သတို့ သမီးအရံပေါ့ရှင်။ အားကျတယ်လို့ မပြောတော့ဘူးနော်။ လုပ်ချင်ရင်ထလုပ်လို့ရနေပြီဆိုတော့ ......" ဆိုပြီး ပြောထားပါသေးတယ်။

အေးဝတ်ရည်သောင်းကတော့ ကိုဖိုးသားနဲ့ ချစ်စနိုးဦးတို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲမှာ ပန်းနုရောင် ဝတ်စုံလေးနဲ့ အရမ်း ကျက်သရေ မင်္ဂလာရှိနေတာကို တွေ့မြင်ရပါတယ်။အပျိုကြီး အေးဝတ်ရည်သောင်းကတော့ ကိုယ့်ထက်ငယ်တဲ့ မောင်၊ ညီမလေးတွေရဲ့ မင်္ဂလာပွဲတွေမှာပါ သတို့သမီးအရံလေးအဖြစ် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းတို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Rowena
Source: Aye Thaung's fb

POPULAR POSTS

ads