Breaking

Tuesday, October 22, 2019

ဟိုင်းကြီးကျွန်း၊ ပြင်ခရိုင်မှာ ရုပ်ရှင်အတူတူ ရိုက်ကူးနေကြတဲ့ နေတိုးနဲ့ ပိုင်ဖြိုးသု

 အနုပညာလောကမှာ တောက်ပတဲ့ ကြယ်ပွင့်လေးတွေဖြစ်ကြတဲ့ နေတိုးနဲ့ ပိုင်ဖြိုးသုက အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားသူများ ဖြစ်ပါတယ်။ နေတိုးနဲ့ ပိုင်ဖြိုးသုက "မီ" ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူတူ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ကြိုက်နှစ်သက် အားပေးခြင်းကို ခံခဲ့ရပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

 နေတိုးနဲ့ ပိုင်ဖြိုးသုတို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သူတို့နှစ်ဦးက လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ အတူတကွ သရုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။နေတိုးနဲ့ ပိုင်ဖြိုးသုက ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးရှိ့  ပြင်ခရိုင်ကျွန်း ကျောက်မှိုပွင့်တွေရှိရာ ကလပ်စေတီ ( ပြည်သာယာရွာအနီး) မှာ ရုပ်ရှင်အတူတူ ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။နေတိုးနဲ့ ပိုင်ဖြိုးသုက "စပွန်ဆာ" ရုပ်ရှင်ဇာတ်ကားကြီးမှာ "ကိုကြီးတိုးဝေနဲ့ ညီမလေးစိုးစိုးဝေ" အဖြစ် သရုပ်ဆောင်ခဲ့ရပြီး "မီ" ရုပ်ရှင်ဇာတ်ကားကြီးကတော့ လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံးလို့ ဆိုရပါမယ်။


ပိုင်ဖြိုးသုနဲ့ နေတိုးကတော့ ပရိသတ်တွေအတွက် ကြိုးကြိုးစားစား ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုနဲ့ နေတိုးတို့ရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး  ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena credit-momolay.com
Source: ပြင်ခရိုင်မီဒီယာ

POPULAR POSTS

ads