ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ One Championship ရဲ့ 100 Century ပွဲစဉ်တွေကတော့ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်၊ အကြိတ်အနယ်ရှိစွာနဲ့ ယှဉ်ပြိုင်ထိုးသတ်ကြရင်း ပြီးဆုံးသွားခဲ့ပါပြီ။ ပြိုင်ပွဲရဲ့ Main Event ဖြစ်တဲ့ မြန်မာ MMA ကစားသမားအောင်လအန်ဆန်နဲ့ စိန်ခေါ်သူ ဘရန်ဒန်ဗီရာတို့ရဲ့ ပွဲစဉ်မှာတော့ အောင်လအန်ဆန်က အကောင်းဆုံးယှဉ်ပြိုင်ထိုးသတ်ရင်း မြန်မာတို့ရဲ့ရဲစွမ်းသတ္တိကို ပြသသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ပထမအချီစတယ်ဆိုတာနဲ့ အောင်လဟာ ပြောထားတဲ့အတိုင်း တရစပ်တိုက်စစ်ဆင်ခဲ့ပြီး ဗီရာရဲ့အားနည်းချက်ကို အသုံးချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အောင်လရဲ့တိုက်စစ်ဆင်မှုက ထိရောက်ခဲ့ပြီး ဗီရာတစ်ယောက် အသည်းအသန်ကာကွယ်ခဲ့ရတာ တွေ့ရပါတယ်။
ဒုတိယအချီမှာတော့ နှစ်ယောက်စလုံးဟာ တိုက်စစ်ပိုမိုဖွင့်ကစားလာခဲ့လို့ ပွဲဟာ ပိုပြီးအကြိတ်အနယ်ရှိလာခဲ့တယ်။ အောင်လဟာ ဗီရာရဲ့အောက်ပိုင်းကို လှဲချနိုင်ဖို့ ကြိုးစားခဲ့တာတွေ့ရသလို ဗီရာရဲ့တိုက်စစ်ဆင်မှုတွေကလည်း ထိရောက်ခဲ့တယ်လို့ ဆိုရမှာပါ။
ဒီလိုနဲ့ အကြိတ်အနယ် ကစားလာရင်း အောင်လကပဲ ပွဲကိုစိုးမိုးလာခဲ့ပြီး ဒုတိယအချီအပြည့်မှာပဲ အောင်လအန်ဆန်က ဗီရာကို ပြတ်ပြတ်သားသား အလဲထိုးအနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့် အောင်လအအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကြီးကို ထိုက်ထိုက်တန်တန်ကာကွယ်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသည်းမာလှပါတယ်ဆိုတဲ့ဘရန်ဒန်ဗီရာကို (၂) ချီအတွင်းမှာပဲ အလဲထိုးပြီး အောင်လအန်ဆန်ကတော့ ပြိုင်ဘက်မရှိသူရဲကောင်းဆိုတာကို မှတ်ကျောက်တင်သွားနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။
Oz11(မိုမိုလေး)
Sunday, October 13, 2019
Home
/
Celebrity
/
News
/
ဗီရာကို (၂) ချီအတွင်းမှာပဲ အလဲထိုးပြီး ပြိုင်ဘက်မရှိသူရဲကောင်းအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်တဲ့ အောင်လအန်ဆန်
ဗီရာကို (၂) ချီအတွင်းမှာပဲ အလဲထိုးပြီး ပြိုင်ဘက်မရှိသူရဲကောင်းအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်တဲ့ အောင်လအန်ဆန်
Tags
# Celebrity
# News
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
News