Breaking

Wednesday, October 23, 2019

” အချစ်မြဲစေဖို့ အဖြစ်သည်းပြီးချစ်တာပါဆိုတဲ့ ထွန်းထွန်း “

 အဆိုတော်သရုပ်ဆောင်ထွန်းထွန်ရဲ့ သိပ်ချစ်ရတဲ့ချစ်သူ လေယာဉ်မယ်လေး Sam Daraကတော့ ကံကောင်းလွန်သူလို့ပဲဆိုရမလား လူပျိုကြီးထွန်းထွန်းရဲ့ အသည်းပိုကာဂရုတစိုက်ရှိတဲ့ ချစ်ခြင်းတွေရရှိထားသူပဲဖြစ်ပါတယ်။ထွန်းထွန်းကတော့ ယခုလည်း အချစ်မြဲစေဖို့ အဖြစ်သည်းပြီးချစ်တာပါဆိုတဲ့အကြောင်းကို ” ချစ်တာပေါ့ လိပ်ပြာလေးကိုချစ်တာမှ အရမ်းချစ်တာ …တကယ်လည်း အရာရာသူ့အတွက် အရင်စဉ်းစားပြီး လုပ်တတ်နေပြီး အဖြစ်ကတော့ ခပ်သည်းသည်းပဲ အဖြစ်သည်းမှ အချစ်မြဲ ” လို့ သူရဲ့ ဖေ့စ်ဘွတ်ခ် My Day မှာတင်ထားပါတယ်။




ထွန်းထွန်းကတော့ ချစ်သူလေးကို ပရိသတ်တွေအားကျရလောက်အထိ Ro ကာ အရမ်းတွေချစ်နေပြပါတယ်။ဘာကြောင့်သိပ်ချစ်ရသလဲ ဆိုတဲ့အကြောင်းအရင်းလေးကတော့ ချစ်သူအပေါ်မှာ အပြည့်အဝယုံကြည်မှုရှိပြီး ကြားစကားကြောင့်နဲ့ သွေးမကွဲတတ်တဲ့ သူမရဲ့ အကျင့်လေးကြောင်းထင်ပါတယ်။ ထွန်းထွန်းရဲ့ သိပ်ချစ်ရတဲ့ချစ်သူလေးက အရမ်းကို ချစ်ဖို့ကောင်းသူလေးမို့ ပရိသတ်တွေကလည်း ဝိုင်းချစ်နေကြပါတယ်။ထွန်းထွန်းအတွက်ကတော့ သဝန်တို၊စိတ်မချဖြစ်စရာတွေ ခေါင်းထဲရောက်မလာအောင်ထားပေးတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူမကြောင့် ဘဝမှာ တစ်ခါမှ မရဘူးတဲ့ စိတ်ချမ်းသာမှုမျိုးတွေရခဲ့တယ်လို့ ရင်ဖွင့်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ထွန်းထွန်းကတော့ ချစ်သူလေးပေါ်မှာ အဖြစ်ကတော့ ခပ်သည်းသည်းပဲပါနော်။


Source: Htin Aung Tun
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
credit-celegabar.com

POPULAR POSTS

ads