Breaking

Friday, October 4, 2019

ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ သိမ်မွေ့စွာ လှနေတဲ့ ခင်လေးနွယ်

 လီဆူးတိုင်းရင်းသူလေး ခင်လေးနွယ်က အသက် (၃၀) ကျော်အရွယ် အိမ်ထောင်မရှိသးတဲ့ အပျိုကြီးမမတစ်ယောက် ဖြစ်ပါတယ်။ ခင်လေးနွယ်က တစ်ခေတ်တစ်ခါက ပရိသတ်တွေ သည်းသည်းလှုပ်အားပေးခဲ့ရတဲ့ လီဆူးတိုင်းရင်းသား မင်းသမီးလေးတစ်ယောက် ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုဆိုရင် အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေကတော့ သူမကို ဒီနေ့ဒီအချိန်ထိ ချစ်ခင်အားပေးဆဲ ဖြစ်ပါတယ်။



 ဒီနေ့မှာတော့ ခင်လေးနွယ်က မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှပနေတဲ့ သူမရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ခင်လေးနွယ်ရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။ဒီပုံလေးတွေကတော့ Kay Fashion & Fabric House 4th Year Anniversary Sales ကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ အပျိုကြီးမမ ခင်လေးနွယ်ကလည်း မိုးပြာရောင် ဇာဝတ်စုံလေးနဲ့ အရမ်းပဲ လှနေတာပဲနော်။
ခင်လေးနွယ်က အခုဆိုရင် အနုပညာလုပ်ငန်းတွေကို ရပ်နားလိုက်ပြီး စီးပွားရေးလုပ်ငန်းတွေကိုသာ ပိုမိုအာရုံစိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခင်လေးနွယ်က သူမရဲ့ အားလပ်ချိန်တိုင်းကို မိသားစုတွေ သူငယ်ချင်းတွေနဲ့ ခရီးတွေ သွားရင်သာ ကုန်ဆုံးနေလျက်ရှိပါတယ်။ခင်လေးနွယ်ကတော့ အသက်ကြီးလာလေ ပိုလှလာလေပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး ကျက်သရေရှိတဲ့ ခင်လေးနွယ်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Khin Lay Nwe 's fb

ads