လတ်တလောမှာတော့ ကိုရီးယားနိုင်ငံက အနုပညာရှင် မိန်းကလေးတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ ကိစ္စက ပရိသတ်တွေကြား ရေပန်းစားနေတာ ဖြစ်ပါတယ်။ သေဆုံးသူ မိန်းကလေးဟာ အောင်မြင်မှုတွေ ရရိပိုင်ဆိုင်ထားတဲ့ ငယ်ရွယ်လှပတဲ့သူလေးမို့လို့ ပရိသတ်တွေက နှမြောတသဖြစ်နေကြတာ ဖြစ်ပါတယ်။ ထိုအခြင်းအရာနဲ့ ပက်သတ်ပြီး သရုပ်ဆောင် မေဆူးမောင်က သူမနားလည်တဲ့ Depression (စိတ်ကျရောဂါ) အကြောင်းကို အခုလိုပဲ မျှဝေထားပါတယ်။
"ပိုက်ဆံမရှိလို့၊ အလုပ်မရှိလို့၊ အလုပ်မှာ အဆင်မပြေလို့၊ ရည်းစားနဲ့ အဆင်မပြေလို့၊ လူ့အသိုင်းဝိုင်းထဲ ဝင်မဆံ့လို့၊ လူရာသွင်းမခံရလို့၊ သူများအပုတ်ချပြောတာကို မခံမရပ်နိုင်ဖြစ်နေတာတွေက ရိုးရိုးလူတိုင်းဖြစ်လေ့ရှိတဲ့ Depression ပါ။"
"Suicide လုပ်သွားကြတဲ့လူအများစုက စိတ်ဒဏ်ရာ အချိန်ကြာမြင့်စွာရထားပြီးသူ (ဥပမာ~ငယ်ငယ်လေးထဲက အရွယ်နဲ့မမျှတဲ့ စိတ်ဒဏ်ရာ၊ တုန်လှုပ်ချောက်ခြားစရာတွေ၊ ကြောက်စရာတွေကို တွေ့ကြုံခံစားရတဲ့သူတွေ၊ ဘယ်လိုရှာရှာ ဘယ်မှာမှ ပျော်ရွှင်မှုဆိုတာမျိုးကို ရှာလို့မတွေ့တော့တာတွေကြောင့်မို့ ကိုယ်တွင်းမိစ္ဆာကို နိုင်လိုက်ရှုံးလိုက်နဲ့ နောက်ဆုံးကိုယ်တွင်းမိစ္ဆာကို အနိုင်မတိုက်နိုင်လို့ မိစ္ဆာရဲ့ဝါးမြိုချင်ကိုခံခဲ့ရလို့သာS uicide လုပ်သွားကြတာပါ။"
"ဒါက ရိုးရိုးသာမန်လူတိုင်းဖြစ်နေကြ Depression နဲ့မတူပါဘူး။ ကိုယ်တွင်းမိစ္ဆာအားကြီးလာလေလေ တိုက်ရဖို့ခက်ခဲလာလေလေပါပဲ။ ကိုယ်တွင်းမိစ္ဆာနဲ့တိုက်ခိုက်နေရတဲ့သူက ပုံမှန်ပိုက်ဆံမရှိလို့၊ ရည်းစားနဲ့အဆင်မပြေလို့၊ အလုပ်မရှိလို့ လူတိုင်းဖြစ်တတ်တဲ့ Depression မဟုတ်ပဲ...ပိုက်ဆံရှိတဲ့သူဌေးဖြစ်ဖြစ်၊ အလုပ်တွေ ဘယ်လောက်ပဲအဆင်ပြေပြေ၊ ရည်းစားနဲ့ဘယ်လောက်ပဲပြေလည်ပြေလည် သူတို့က ကိုယ်တွင်းမိစ္ဆာနဲ့ အမြဲတိုက်နေရတတ်ပါတယ်။"
"အတင်းတောင့်ခံထားပြီး Suicide မလုပ်သေးသ၍တော့ နိုင်သယောင်ယောင်ရှိနေပေမယ့် ပုံမှန်လူနဲ့မတူပဲ အသေအလဲလူးလိမ့်ခံနေရတာ ကိုယ်ကိုတိုင်ပဲ အသိဆုံးဖြစ်ကြမှာပါ။ သူတို့တွေမှာ ပုံမှန် Depression ဝင်တဲ့သူနဲ့ မတူတဲ့လက္ခဏာတွေလည်း ပြတတ်ပါတယ်။ ပုံမှန်Depression ကတော့လူတိုင်းဖြစ်တတ်တာမို့ ကွဲပြားစွာသိမြင်နိုင်ကြပါစေ" ဆိုပြီး မျှဝေပေးထားတာ ဖြစ်ပါတယ်။မေဆူးမောင် ပြောသလိုပဲ ပုံမှန် စိတ်ဓာတ်ကျသူတိုင်းက Suicide မလုပ်ဘူးဆိုတာကို မှတ်သားရပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Erica May Sue Maung's fb
Wednesday, October 16, 2019
Home
/
Celebrity
/
ကိုယ့်ကိုကိုယ်သတ်သေခဲ့သူတွေက တော်ရုံတန်ရုံစိတ်ဖိစီးတာမျိုးမကကြောင်း ပြောလာတဲ့ မေဆူးမောင်
ကိုယ့်ကိုကိုယ်သတ်သေခဲ့သူတွေက တော်ရုံတန်ရုံစိတ်ဖိစီးတာမျိုးမကကြောင်း ပြောလာတဲ့ မေဆူးမောင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity