နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က အနုပညာလောကမှာ အောင်မြင်မှုများစွာနဲ့ နှစ်ပေါင်းအတော်ကြာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့ ကျရာဇာတ်ရုပ်ကို စိတ်ပါဝင်စားစွာ လုပ်ကိုင်တာကြောင့် အကယ်ဒမီဆုကြီး နှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အိန္ဒြာကျော်ဇင်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို နှစ်ပေါင်းများစွာ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ "ရိုးမပေါ်ကျတဲ့မျက်ရည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်အချိန်အတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။"ရိုးမပေါ်ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးက ဒါရိုက်တာ ကိုပေါက်ရဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပြီး မြင့်မြတ်၊ အောင်ရေချမ်း၊ ထူးအောင်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်၊ မေမြင့်မိုရ်၊ မင်းသူ နဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
"ရိုးမပေါ်ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးမှာ အိန္ဒြာကျော်ဇင်က ရှိန်းခါးရွာတွင် ခြေသွက်လက်သွက်နိုင်ပြီး ယောင်္ကျားတွေနဲ့ တန်းတူ အလုပ်လုပ်နိုင်သူ ၊ ရွာအတွက်စေတနာကြီးသူပီပီ အားမနာတမ်းပြောဆိုတတ်သူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူ၊ ရွာကျောင်းအတွက် မရှိမဖြစ်အရေးပါသော ကျောင်းဆရာများထဲမှတစ်ယောက်ဖြစ်သူ ယောကျာ်းစိတ်ပေါက်နေသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကတော့ "ရိုးမပေါ်ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ယောကျာ်းလျာကာရိုက်တာ "ကိုတိုးကြီး"အဖြစ် ကြိုးစားသရုပ်ဆောင်ထားခဲ့တာကို တွေ့ရပါတယ်။ "ရိုးမပေါ်ကျတဲ့မျက်ရည်" ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ (၇) ရက်နေ့မှာ စတင်ရုံတင်ပြသမှာမို့ ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲ့နော်။
Rowena
Source: ရိုးမပေါ်ကျတဲ့မျက်ရည်
Tuesday, October 22, 2019
Home
/
Celebrity
/
"ကိုတိုးကြီး"ဆိုတဲ့ ကျားကျားလျားလျား ယောကျာ်းလျာကာရိုက်တာနဲ့ တွေ့မြင်ရဦးမယ့် အိန္ဒြာကျော်ဇင်
"ကိုတိုးကြီး"ဆိုတဲ့ ကျားကျားလျားလျား ယောကျာ်းလျာကာရိုက်တာနဲ့ တွေ့မြင်ရဦးမယ့် အိန္ဒြာကျော်ဇင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity