သဘာဝတရားကပေးတဲ့ အလှစစ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ဖြူစင်ပြီး အပြစ်ကင်းတဲ့ မျက်နှာလေးကြောင့်ရော၊ သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ ရွှေကစ်လေးက Kanebo ပွဲအတွက် ဘန်ကောက်သို့ ရောက်ရှိနေတာဖြစ်ပြီး ပွဲတက်ဖို့ ပြင်ဆင်နေတဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မိတ်ကပ်လုံးဝမလိမ်းထားတဲ့ မျက်နှာပြောင်လေးနဲ့တောင် ဖြူဝင်းကြည်ပြီး လှနေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့အလှတရားကြောင့် ပရိသတ်တွေကတောင် အံ့အားသင့်ခဲ့ရတာပါနော်။
ဝတ်မှုန်ရွှေရည်ကတော့ "Embracing myself to go through the day of Kanebo The Exceptional Makeup Base. 📸 With Kanebo, you can always sense the perfect day. 🌞✨Kanebo ရဲ့ The Exceptional Makeup Base launch နဲ့ တစ်နေ့တာကိုဖြတ်သန်းဖို့ ကစ်အစဉ်သင့် စီစဉ်နေပါတယ်ရှင့်။ 🙃🥰 " ဆိုပြီး ဖြူစင်ချောမွတ်တဲ့ သဘာဝအလှတရားတွေ ပေါ်လွင်နေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ဘယ်လိုတောင် လှရက်လွန်းနေတာလဲ ကစ်ရေ...။
သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတဲ့ ဝတ်မှုန်ရွှေရည်ကတော့ "နင်စေရင်" နဲ့ "နှလုံးသားဖြင့် ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုကြီးတွေကို ဆွတ်ခူးရရှိထားပါသေးတယ်။ လတ်တလောမှာတော့ ဝတ်မှုန်ရွှေရည်က ရုပ်ရှင်တွေလည်း ရိုက်ကူးဖြစ်နေပြီး၊ ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘာမိတ်ကပ်အကူအညီမှမလိုပဲ မျက်နှာပြောင်နဲ့နေတာတောင် လှရက်လွန်းနေတဲ့ ရွှေကစ်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Wutt Hmone Shwe Yi's Facebook
Thursday, October 17, 2019
Home
/
Celebrity
/
ပရိသတ်တွေတောင် အံ့အားသင့်ခဲ့ရတဲ့ မိတ်ကပ်လုံးဝမလိမ်းထားတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်တစ်ချို့
ပရိသတ်တွေတောင် အံ့အားသင့်ခဲ့ရတဲ့ မိတ်ကပ်လုံးဝမလိမ်းထားတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ပုံရိပ်တစ်ချို့
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity