ယောက်ျားပီသတဲ့ မျက်နှာကျနဲ့ တောင့်တင်းသန်မာတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မင်းသားချောလေး ပိုင်တံခွန်ကတော့ ရူပါဖြောင့်လွန်းတာမို့ နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုင်တံခွန်က အလုပ်ကိစ္စအတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူကတော့ ထိုင်းနိုင်ငံရဲ့အထင်ကရနေရာတွေကို လျှောက်လည်နေတဲ့ သူ့ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံရဲ့အထင်ကရနေရာတွေမှာ လျှောက်လည်ရင်း တော်တော်လေးကို ပျော်နေတာ တွေ့ရပါတယ်။
ဘယ်နေရာရောက်ရောက် အားနည်းသူကို ကူညီပြီး ကြင်နာတတ်တဲ့ မင်းသား ပိုင်တံခွန်ကတော့ "Happiness is staying at the same city with u" ဆိုပြီး ပျော်ရွှင်ခြင်းဆိုတာ မင်းနဲ့ တစ်မြို့တည်းအတူရှိနေခြင်းပါပဲလို့ Romantic ဆန်ဆန် ပြောလာတာပါ။ပိုင်တံခွန်ရဲ့ ထိုင်းပရိသတ်တွေကလည်း သူ့ရဲ့အပြောမှာ ကြွေနေကြရတာပါနော်။
ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ထိုင်းနိုင်ငံရဲ့အထင်ကရနိုင်ငံတွေမှာ လျှောက်လည်နေတဲ့ ပိုင်တံခွန်ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Paing Takhon's Facebook
Photo;Htet Paing Ye
Tuesday, October 1, 2019
Home
/
Celebrity
/
မင်းနဲ့ တစ်မြို့တည်းအတူရှိနေခြင်းက ငါ့ကို ပျော်ရွှင်စေတယ်လို့ ဝန်ခံလိုက်တဲ့ ပိုင်တံခွန်
မင်းနဲ့ တစ်မြို့တည်းအတူရှိနေခြင်းက ငါ့ကို ပျော်ရွှင်စေတယ်လို့ ဝန်ခံလိုက်တဲ့ ပိုင်တံခွန်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity