Breaking

Tuesday, October 22, 2019

ကျောင်းဆရာ တစ်ယောက်အဖြစ် မြင်တွေ့ရမယ့် မြင့်မြတ်

 အရင်ထဲကဇာတ်ကားတွေ တောက်လျောက်ရိုက်ကူးနေရတဲ့ မြင့်မြတ်ကတော့ ယခုအချိန်မှာ သားဦးလေးဂျူနီယာမြင့်မြတ် ရဲ့ ဖခင်လဲဖြစ်ပါတယ်။ မြင့်မြတ်က ယခုအခါမှာလဲ 'ရိုးမပေါ်ကျတဲ့ မျက်ရည်' ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျောင်းဆရာတစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးကို ၇.၁၁.၂၀၁၉ မှာရုံတင်ပြသမှာဖြစ်ပြီး ဝေးလံခေါင်သီပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ရိုးမတောင်ဘက်က ရှိန်းခါးရွာလေးမှာ ကျောင်းဆရာ တင်မောင်ဝင်း အဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။'ရိုးမပေါ်ကျတဲ့ မျက်ရည်' ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်၊ အိနြေ္ဒာကျော်ဇင်၊ ခင်လှိုင်၊ အောင်ရေချမ်း၊ ထူးအောင်၊လင်းအောင်ခေတ်၊ ခိုင်သင်းကြည်၊ ကောင်းမြတ်စံ စတဲ့သရုပ်ဆောင်တွေနဲ့ အခြား သရုပ်ဆောင်များကလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။



ခေတ်ဆိုးစနစ်ဆိုး တစ်ခုကို ကျောင်းဆရာတစ်ယောက်အနေနဲ့ ဘယ်လိုတွန်းလှန်မလဲ၊ သစ်ခိုးထုတ်ဖို့ကိုပဲ စိတ်အားထက်သန်နေတဲ့ လူတစ်စုနဲ့ ယိုယွင်းပျက်စီးနေတဲ့ စိတ်ဓာတ်တွေကို ပြုပြင်ပြီး ဘယ်လိုပြောင်းလဲမလဲဆိုတာကိုမြင့်မြတ်ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ 'ရိုးမပေါ်ကျတဲ့ မျက်ရည်' ဇာတ်ကားမှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
မိုမိုလေး ပရိတ်သတ်တွေရော မြင့်မြတ်ကိုအားပေးမယ့်သူတွေရှိကြသေးလားဗျ။

Ref:ရိုးမပေါ်ကျတဲ့မျက်ရည်
LeoThT
credit-momolay.com

POPULAR POSTS

ads