Breaking

Wednesday, October 23, 2019

ကလေးမေမေတစ်ယောက်လို့ မထင်ရလောက်အောင် စတိုင်လ်ကျကျနဲ့ လန်းနေတဲ့ ချစ်သုဝေ

နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ချစ်သုဝေက ချိုသာတဲ့အပြုံးလေးနဲ့ အမြဲတမ်း ပြုံးနေတတ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ချစ်သုဝေက သီချင်းအယ်လ်ဘမ်တွေများစွာကို ထွက်ရှိခဲ့ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့ပြီး ပရိသတ် အခိုင်အမာ ရရှိထားသူလေး ဖြစ်ပါတယ်။ ချစ်သုဝေက လက်ရှိမှာ သူမရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားပြီး အနုပညာလုပ်ငန်းတွေကိုလည်း အချိန်ပေး လုပ်ကိုင်နေလျက်ရှိပါတယ်။





 ဒီတစ်ခေါက်မှာတော့ ချစ်သုဝေကို ချစ်စရာကောင်းပြီး စွဲဆောင်မှုရှိတဲ့ ပုံစံလေးနဲ့ တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ချစ်သုဝေရဲ့ အခုပုံရိပ်လေးတွေက ဒီဇိုင်နာ မပုံ့ရဲ့ MFDEA show ပွဲကို တက်ရောက်ပေးခဲ့တဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ချစ်သုဝေက ဒီဇိုင်နာမပုံ့ရဲ့ Ready To Wear အင်္ကျီလေးတွေနဲ့ အရမ်းလန်းနေတာကို တွေ့ရပါတယ်။ချစ်သုဝေက ရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်ကူးတာ (၅) နှစ်ကျော်ရှိပြီဖြစ်ပေမယ့် သီချင်းအသစ်တွေနဲ့ ကြော်ငြာအသစ်တွေကို ဖန်တီးရိုက်ကူးနေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။



ချစ်သုဝေကတော့ အသက် လေးဆယ်နီးပါး ကလေးမေမေတစ်ယောက်ဖြစ်ပေမယ့် လူငယ်လေးတွေအတိုင်း လန်းဆန်းနေတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena credit-momolay.com
Source: Ma Pont's fb

POPULAR POSTS

ads