ချစ်သူလေးကို အရမ်းချစ်ပြတတ်လွန်းတဲ့ အဆိုတော် ထွန်းထွန်းရဲ့အချစ်ရေးကတော့ ပရိသတ်တွေဆီမှာသာမကပဲ အနုပညာရှင် သူငယ်ချင်းအချင်းချင်းတောင် စိတ်ဝင်စားနေကြရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူငယ်ချင်းဖြစ်တဲ့ နိုင်းဝမ်းကလည်း လေယာဉ်မယ် ချစ်သူလေးကို အကဲပိုနေတဲ့ ထွန်းထွန်းကို ဆေးထိုးကြမ်းလိုက်တာ တွေ့ရပါတယ်။ ထွန်းထွန်းရဲ့ချစ်သူ လေယာဉ်မယ်လေးအကြောင်းကို သီချင်းရေးပြီးပြီ ဆိုတဲ့အကြောင်းနဲ့ သူတို့သုံးယောက်အတူပေါင်းပြီး အကောင်းဆုံး ဖန်တီးကြမယ်ဆိုတဲ့အကြောင်း ဆေးထိုးထားတဲ့ နိုင်းဝမ်းကတော့ တကယ့်ကို အစအနောက်သန်သူတစ်ဦးပါပဲနော်။
နိုင်းဝမ်းကတော့ "ကိုကိုထွန်းထွန်းHtin Aung Tunရေ... အူးနိုင်းနဲ့ သားသားSai Arkar Phyoနဲ့ နှစ်ယောက်လုံးက လေယာဉ်မယ်လေးတွေနဲ့ ချစ်သူဖြစ်နေတာကြောင့် "လေယာဉ်မယ်လေး"ဆိုတဲ့ သီချင်းအသစ်လေး ဆိုဖို့အတွက် ရေးလို့ပြီးလို့ အဆင်သင့်ဖြစ်နေပါပြီ...တကယ်လို့ ကိုကိုထွန်းထွန်းအနေနဲ့ "လေယာဉ်မယ်လေး" ဆိုတဲ့သီချင်းမှာ ပါဝင်အားဖြည့်ကူညီသီဆိုချင်တယ်ဆိုရင်ဖြင့် အမြန်ဆုံးဆက်သွယ်ပါလို့... 🤣🤣🤣Note: the Last chance 🤪🤪🤪ဒီသီချင်းလေးဟာဆိုရင်ဖြင့် ကိုယ်ဒေသုံးယောက်ပေါင်းလိုက်ရင် အရမ်းတွေ နန်းဆန်ရုံမက ကောင်းကင်ယံတွေပါဆန်နေမှာပါလို့😂😂😂 ပြီးမှ မခေါ်ဘူး မပြောနဲ့နော်...မွှ😘😘😘" ဆိုပြီး သူငယ်ချင်းအရင်းကြီးကို စနောက်ထားတာပါ။
ပျော်ပျော်နေတတ်ပြီး သူငယ်ချင်းတွေကို အမြဲစနောက်နေတဲ့ အဆိုတော် နိုင်းဝမ်းကတော့ သူကိုယ်တိုင်လည်း ချစ်ရသူလေးနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နိုင်းဝမ်းက ရှိုးပွဲတွေဆိုဖြစ်နေပြီး ခရီးတွေလည်း ထွက်ဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ပျော်ပျော်နေတတ်တဲ့ ထွန်းထွန်းနဲ့ နိုင်းဝမ်းတို့ သူငယ်ချင်းနှစ်ဦးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Kyaw Zin Latt's Facebook
Tuesday, October 1, 2019
လေယာဉ်မယ်ချစ်သူလေးကို အကဲပိုနေတဲ့ ထွန်းထွန်းကို ဆေးထိုးကြမ်းလိုက်တဲ့ နိုင်းဝမ်း
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity