Breaking

Wednesday, October 23, 2019

ဖေ့ဘုတ်အကောင့်ပိတ်ခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်

 ဆွဲဆောင်မှုအားကောင်းလှတဲ့ ပုံတွေ၊ ဝတ်စားဆင်ယင်မှုတွေနဲ့ ပရိသတ်ကို ဖမ်းစားလေ့ရှိတဲ့ သင်ဇာဝင့်ကျော်ကတော့ အကြမ်းစားပုံတွေ ဆက်တိုက်လို တင်ပြီးနောက်မှာ ဖေ့ဘုတ်အကောင့်ပိတ်ခံလိုက်ရတယ်လို့ သိရပါတယ်။


  သူမဟာ အဝတ်မပါတဲ့ ပုံတွေကို မကြာခဏတင်ပြီး သူမရဲ့ ကိုယ်လုံးအလှကို ပြသလေ့ရှိသလို ပွဲတွေမှာဆိုရင်လည်း အဝတ်အစားကြောင့် ပရိသတ်က ဟာကနဲ ဟင်ကနဲ ဖြစ်ရသူပါပဲ။ သူမကို ပွဲတက်တွေ ငှားဖို့အတွက် အဝတ်အစားပိုင်းကို သီးသန့်ငှားရတယ်လို့ သိရပြီး အဝတ်အစားဝတ်ဆင်ပေးရတဲ့ပေါ် မူတည်ပြီး ဈေးသတ်မှတ်လေ့ရှိတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အဝတ်အစားက ပိုမိုပေါ်လွင်အောင် ဝတ်ဆင်ပေးရတဲ့ပွဲဆိုရင် အနုပညာကြေးပိုများတယ်လို့ ပွဲငှားရမ်းသူတစ်ချို့က ပြောပါတယ်။
မကြာသေးခင် ရက်ပိုင်းအတွင်း သူမရဲ့ ဖေ့ဘုတ်နဲ့ အင်စတာဂရမ်အကောင့်မှာ အဝတ်မပါတဲ့ အပေါ်ပိုင်း ဗလာကျင်းပုံတွေ၊ အောက်ပိုင်း ဗလာကျင်းပုံတွေတော်တော်များများကို တင်ခဲ့တာ တွေ့ရပြီး  ဖေ့ဘုတ်အကောင့် အပိတ်မခံရခင်မှာ “အဝတ်မပါပဲ အိပ်ရတာ ကောင်းတယ် အဝတ်မပါပဲ မင်းနဲ့အတူအိပ်ရတာ ပိုကောင်းတယ်” လို့ ရေးသားထားတဲ့ ပို့စ်ကို တင်ခဲ့တာဖြစ်ပါတယ်။ ဒီ post ထဲမှာ သင်ဇာဝင့်ကျော်က ကျောပေးထားပြီး အပေါ်ရောအောက်ပါ ဗလာကျင်းထားတဲ့ပုံတွေကို တင်ထားတာဖြစ်ပါတယ်။


သင်ဇာဝင့်ကျော်ရဲ့ အင်စတာဂရမ်မှာလည်း ဖေ့ဘုတ်မှာတင်ထားတဲ့ပုံတွေ တော်တော်များများ တင်ထားတာတွေ့ရပြီး အင်စတာဂရမ်အကောင့်ကိုတော့ ပိတ်ခံရခြင်း မရှိပါဘူး။ သူမဟာ မကြာသေးခင်ကမှ မြမြဇာတ်ကားရဲ့ ဇာတ်ကောင် မြမြနေရာမှာ ပါဝင်သရုပ်ဆောင်လိုက်တဲ့အတွက် လူအများရဲ့ ပြောဆို ဝေဖန်မှုတစ်ချို့ ခံခဲ့ရသေးတာပါ။ ကဲ သင်ဇာ့ဖေ့ဘုတ်အကောင့် ပိတ်ခံရတဲ့အတွက် စိတ်မကောင်း ဖြစ်နေမယ့် အမျိုးသားထုကြီးရေ ဖေ့ဘုတ်အကောင့်မရှိပေမယ့် အင်စတာဂရမ်တော့ ရှိပါသေးတယ်နော်။ ပြီးတော့ အခုပိတ်ခံရတဲ့ ဖေ့ဘုတ်အကောင့်ကို သင်ဇာပြန်ရမလား၊ အသစ်ပဲ ဖွင့်သုံးတော့မှာလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။Credit-Cele Star

POPULAR POSTS

ads