Breaking

Wednesday, October 23, 2019

ရုပ်ရည်ချောမောလွန်းသူတွေဟာ အချစ်ရေးမှာ အဆင်မပြေကြောင်း လေ့လာတွေ့ရှိ

ရုပ်ရည်ချောမောလှပတာဟာ ကောင်းကျိုးတွေချည်းနဲ့ ပြည့်နေလိမ့်မယ်လို့ တော်တော်များများက ထင်တတ်ကြပါတယ်။ အလုပ်အကိုင် အဆင်ပြေမယ်၊ လူတိုင်းနဲ့ အဆင်ပြေမယ်၊ ငွေရှာလည်း ပိုကောင်းမယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့်လည်း အရမ်းလှတဲ့သူတွေတိုင်းမှာ သူတို့ရဲ့ ပြသနာလေးတွေကိုယ်စီ ရှိကြပါတယ်။ သုတေသန ပညာရှင်တွေရဲ့ အဆိုအရ အချစ်ရေးမှာလည်း ရေရှည်မှာအဆင်မပြေကြောင်း လေ့လာတွေ့ရှိခဲ့ပါသတဲ့။

Harvard တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ အရမ်းလှလွန်းတဲ့သူတွေဟာ ခဏခဏ အသည်းကွဲရပါသတဲ့။ အကြောင်းကတော့ ချစ်သူက သဝန်တိုတာတွေ၊ ချုပ်ခြယ်တာတွေ၊ ပိတ်ပင်တာတွေ လုပ်လွန်းလို့ပါတဲ့။နောက်ထပ်အချက်ကတော့ ချောမောလှပလွန်းသူတွေဟာ အချစ်ရေးမှာ စိတ်ညစ်စရာတွေကို ကြာကြာအောင့်အည်း သည်းခံနိုင်စွမ်းမရှိလို့ပါတဲ့။ အချစ်ရေးနဲ့ပတ်သက်ပြီး ပြသနာတွေ၊ စိတ်ညစ်စရာတွေရှိလာတဲ့အခါ သိပ်ပြီးတော့ခံနိုင်ရည်မရှိကြလို့ပါ။နောက်ထပ်သုတေသနတစ်ခုမှာရုပ်ရည်ချောမောလွန်းသူတွေဟာ အိမ်ထောင်ကွဲနိုင်ခြေလည်းပိုများပါသတဲ့။ ဆယ်ကျော်သက်တုန်းကရုပ်ရည်ချောမောလှပလွန်းတဲ့သူတွေ အရွယ်ရောက်လာလို့လက်ထပ်သွားတဲ့အခါ အနှစ် ၃၀ အတွင်းမှာပဲ ကွဲကြတာ များပါတယ်။ဒါကြောင့် ချောမောလှပတိုင်းလည်း ပြီးပြည့်စုံတဲ့သူနဲ့တွေ့လိမ့်မယ်လို့ မယူဆလိုက်ပါနဲ့၊ လူတိုင်းမှာ ကိုယ်နဲ့အလိုက်ဖက်ဆုံး ချစ်သူ၊ အိမ်ထောင်ဖက်နဲ့ တွေ့ဆုံရမှာဖြစ်ပြီးကိုယ့်ဖက်ကလည်း သည်းခံစိတ်၊ နားလည်ပေးတဲ့စိတ်လေးတွေကို မွေးမြူပေးဖို့လိုပါတယ်။Credit:အန်တီမေ

POPULAR POSTS

ads