မြန်မာနိုင်ငံက ပရိသတ်တွေသာမက ထိုင်းက ပရိသတ်တွေပါ သည်းသည်းလှုပ်အားပေးကြတဲ့ မင်းသားချော ပိုင်တံခွန်က ဆံပင်ရှည်တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ဦးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က ရုပ်ရည်ချောမောရုံသာမက ကိုယ့်ကိုကိုယ် နှိမ်ချပြီး လူတိုင်းကို ရိုကျိုးစွာ ဆက်ဆံတတ်တာကြောင့် ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အချင်းရော၊ အဆင်းပါ ပြည့်စုံတဲ့ ပိုင်တံခွန်က တစ်နေ့ထက်တစ်နေ့ နာမည်ကျော်ကြား လူကြိုက်များလာတာကို ပရိသတ်ကြီး မျက်မြင်ပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးချစ်တဲ့ ပိုင်တံခွန်ကို ဒီတစ်ခေါက်မှာတော့ ညှို့ငင်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိရှိ တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အခုပုံရိပ်တွေမှာ ပိုင်တံခွန်ရဲ့ ခန္ဓာကိုယ် အသေးစိတ်ကအစ တွေ့မြင်ရမှာဖြစ်ပြီး နေရာတိုင်းက မြင်သူတိုင်းကို မကြည့်ပဲ မနေနိုင်အောင် ဆွဲဆောင်ထားနိုင်တာကို တွေ့မြင်ရပါတယ်။
ပိုင်တံခွန်က လက်ရှိမှာတော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို နှစ်နိုင်ငံ ကူးလူးပြီး အနုပညာလုပ်ငန်းတွေကို သင့်တင့်မျှတစွာ အချိန်ပေး လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ပိုင်တံခွန်ကတော့ ပျိုပျိုမေတွေ ရူးခါသွားရအောင် ညှို့အားပြင်းပုံရိပ်တွေနဲ့ ဖမ်းစားလိုက်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: HPY Photography
Photo: HYP Photography
Sunday, October 27, 2019
Home
/
Celebrity
/
ပျိုပျိုမေတွေ ရူးခါသွားရအောင် ညှို့အားပြင်းပုံရိပ်တွေနဲ့ ဆွဲဆောင်လိုက်တဲ့ ပိုင်တံခွန်
ပျိုပျိုမေတွေ ရူးခါသွားရအောင် ညှို့အားပြင်းပုံရိပ်တွေနဲ့ ဆွဲဆောင်လိုက်တဲ့ ပိုင်တံခွန်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity