သူမကိုယ်သူမ အမြဲယုံကြည်မှုရှိနေတတ်တဲ့ ချစ်စရာမင်းသမီးလေး ဝါဆိုမိုးဦးကတော့ ဘိုဆန်ဆန်မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထား သူတစ်ဦးပါ။ တလောကတော့ ဝါဆိုမိုးဦးက သူမရဲ့ Relationship ပြီးဆုံးသွားပြီလို့ တင်လိုက်တာကြောင့် ပရိသတ်တွေက သူနဲ့ ဖြိုးလေးတို့ရဲ့အချစ်ရေးကို စိတ်ပူနေကြတာပါ။ လတ်တလောမှာတော့ ဝါဆိုမိုးဦးက ပန်းစည်းကြီးနဲ့ လာချော့တဲ့ ချစ်သူကြောင့် စိတ်ကောက်ပြေခဲ့ရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ဝါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ချစ်သူနှစ်ဦးရဲ့အကြောင်းကတော့ တကယ့်ကို ကြည်နူးစရာပါပဲနော်။
အဆိုပါဗီဒီယိုလေးထဲမှာတော့ အရမ်းစိတ်ကောက်နေတဲ့ ဝါဆိုမိုးဦးကို ဖြိုးလေးက ပန်းစည်းအတင်းပေးကာ "ငါ့အသည်းလေးကို ချော့ရမှာပေါ့" ဆိုပြီး ပါးလေးကိုဆွဲကာ ချော့နေတာပဲ ဖြစ်ပါတယ်။ အချော့တော်တဲ့ ဖြိုးလေးကြောင့် ဝါဆိုတစ်ယောက် ဆက်ပြီး စိတ်မကောက်နိုင်တော့ပဲ အရည်ပျော်ခဲ့ရတာပါနော်။ဝါဆိုလေး ဘယ်လိုတောင် ပျော်နေလဲမေး...။
ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာအချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အနုပညာသမားချင်းအတူတူမို့ တစ်ယောက်ကိုတစ်ယောက် အကောင်းဆုံး ကူညီဖေးမရင်း ဘဝကို ရှေ့ဆက်နေကြတာဆိုရင်လည်း မမှားပါဘူး။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုလိုက်ဖက်ညီတဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Warso Moe Oo's Facebook
Friday, October 25, 2019
ပန်းစည်းကြီးနဲ့ လာချော့တဲ့ ချစ်သူကြောင့် စိတ်ကောက်ပြေခဲ့ရတဲ့ ဝါဆိုမိုးဦး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity